နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် သြဂုတ် ၂၆ ရက်ညနေပိုင်းမှစတင်ကာ “ကဂျကိ”မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရသည်။
အဆိုပါ ရေကြီးရေလျှံမှုသည် ယနေ့ သြဂုတ် ၂၈ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် စာသင်ကျောင်းများနှင့် နေအိမ်များအတွင်းတင်ကျန်ခဲ့သည့် ရွှံ့၊ နှုံးများ၊ ဒိုက်များကို ပုဗ္ဗသီရီမြို့နယ်မီး သတ်စခန်းနှင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းရှင်းလင်းခဲ့ကြသည်။
