ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်အတွင်း၌ မိုးများပြီး ရေကြီးကာ မြေပြိုကျမှုကြောင့် ဒေသခံများအနေဖြင့် အကူအညီများ ဆက်လက်လိုအပ်နေဆဲ ဖြစ်သည်။
သံတောင်ကြီးမြို့၊ နော်ဘူဘော ဆုတောင်းတောင် အနီးရှိ (၁) ရပ်ကွက် ၊ (၃) ရပ်ကွက် ၊ (၄) ရပ်ကွက်တို့ အပါအဝင် လိပ်ပြာလေးရွာ ၊ ခိုဝယ်ရွာနှင့် အခြားကျေးရွာများတွင် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။
မြေပြိုကျမှု ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးသူ (၁၃) ဦးရှိကြောင်းလည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံများ၏ မျှဝေမှုအရ သိရသည်။
လက်ရှိ၌ နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြပြီး မြေပြိုကျသည့် နေရာများသို့ သွားရောက်ကူညီရန်လမ်းများပျ-က်စီးနေခြင်းကြောင့် အချို့နေရာများတွင် ပရဟိတအဖွဲ့များထံမှ အကူအညီမရောက်နိုင်ဘဲ စားနပ်ရိက္ခာအကူအညီလည်း လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။
ထို့ပြင် သံတောင်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် မဲဖြူတိုက်နယ်ရှိ ကျေးရွာများနှင့် သံတောင်ကြီးသို့ ချိတ်ဆိက်ထားသည့်လမ်းလည်း မြေပြိုပျ-က်စီးခဲ့ပြီး ယင်းလမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း လမ်းဖြစ် မြောက်ရေးကော်မတီကလည်း အသိပေးထားသည်။
ထို့ကြောင့် မဲဖြူတိုက်နယ်နှင့် သံတောင်ကြီး ဆက်သွယ်ထားသည့် လမ်းကို ပြန်လည်ပြုပြင်မည်ဖြစ်သည့်အတွက် လမ်းအသုံးပြုခွင့်ကို မနက်ဖြန် ဩဂုတ် (၁၂)ရက်အထိ ယာယီပိ-တ်ထားမည်လည်း ဖြစ်သည်။
