ရုရှားနှင့် ယူကရိန်းတို့သည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ချက်ချင်း စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ သုံးနှစ်ကြာ စစ်ပွဲအဆုံးသတ်ရေးအတွက်ကြိုးပမ်းမှုများကို တိုးတက်စေရန် လှုံ့ဆော်အားပေးသည့်အနေဖြင့် ထရမ့်ပ်က နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များနှင့် သီးခြားစီ ဖုန်းပြောဆိုခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မည်သည့်အချိန်တွင် ဆွေးနွေးပွဲများ ကျင်းပမည့်ဆိုသည်နှင့် မည်သည့်အဆင့်ပုဂ္ဂိုလ်များ ပါဝင်မည်ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်များ တိုက်ရိုက်ထိတွေ့ပြောဆိုကြအပြီး ရက်ပိုင်းအကြာတွင် ထရမ့်ပ်၏ ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သောကြာနေ့က ထိုညှိနှိုင်းဆွေးနွေးမှုများတွင် အကျဉ်သားများကို အကန့်အသတ်ဖြင့် လဲလှယ်ရေးကိုသဘောတူခဲ့သော်လည်း တို-က်ခို-က်မှုများသည့်မရပ်တန့်ခဲ့ပေ။
နှစ်ဖက်ခေါင်းဆောင်များသည် ဆက်လက်စစ်ခင်းနေကြသည့်အတွက် ဖုန်းခေါ်ဆိုမှုမတိုင်ခင်က ထရမ့်ပ်သည် အကြီးအကျယ် စိတ်ပျ-က်နေခဲ့သည်ဟု အိမ်ဖြူတော်က ပြောဆိုသည်။ ထရမ့်ပ်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲရပ်တန့်ရေးကို အမှန်တကယ် စိတ်ဝင်စားသည်လားဆိုသည်ကို သိရရန် ဖိအားပေးမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက အမေရိကသည် ပဋိပက္ခရပ်တန့်ရေး ကြိုးပမ်းမှုမှ ရှောင်ထွက်သွားနိုင်သည်ဟု ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောဆိုသည်။
ပူတင်သည် ငြိမ်းချမ်းရေးလိုလားမှုနှင့်ပတ်သက်၍ အလေးအနက်ရှိသည်ဟု မိမိယုံကြည်ကြောင်း ထရမ့်ပ်က နောက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref: အေပီ