Thursday, April 16, 2026

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို...

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက်...

စွမ်းအင်နှင့်ပတ်သက်၍ တရုတ်ကို ကူညီရန် ရုရှား...

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စွမ်းအင်တိုးမြှင့်တင်ပို့သွားရန် အသင့်ရှိကြောင်း ဧပြီလ ၁၅ ရက် နေ့ က ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး...
HomeMoviesရုရှားအာကာသလုပ်ငန်းကဏ္ဍ တိုးတက်မှုများကို ပူတင်...

ရုရှားအာကာသလုပ်ငန်းကဏ္ဍ တိုးတက်မှုများကို ပူတင် ချီးကျူးစကားဆို

မော်စကို၊ ဧပြီလ ၁၂ ရက်

ကာလရှည်ကြာ စိန်ခေါ်မှုများ ရှိနေသော်လည်း ရုရှားနိုင်ငံ၏ အာကာသလုပ်ငန်းကဏ္ဍသည် ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံ၏ “အာကာသယာဉ်မှူးများနေ့” မတိုင်မီ စနေနေ့တွင် သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

“ဒီနှစ်မှာ ကျွန်တော်တို့ဟာ ယူရီဂါဂါရင်ရဲ့ သမိုင်းဝင်ခရီးစဉ် ၆၅ နှစ်ပြည့်ကိုလည်း ဆင်နွှဲနေပါတယ်။ ပြီးခဲ့တဲ့နှစ်ဟာ ဒီကဏ္ဍအတွက် ယေဘုယျအားဖြင့် အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ် – ဒုံးပျံပစ်လွှတ်မှု ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အာကာသယာဉ် ၉၇ စင်းကို ပတ်လမ်းထဲ ပို့ဆောင်နိုင်ခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေဟာ ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ရူဘယ် ဘီလျံ ၅၀၀ ကျော်အထိ ရှိခဲ့ပါတယ်” ဟု ပူတင်က မှတ်ချက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) အကြီးအကဲ ဒီမီထရီ ဘာကာနော့ဗ် နှင့် ပူတင်တို့ တွေ့ဆုံစဉ်တွင် ဘာကာနော့ဗ်က လွန်ခဲ့သော နှစ်ပတ်ခန့်က Roscosmos နှင့် ၎င်း၏ ပုဂ္ဂလိက မိတ်ဖက်အဖွဲ့အစည်းများသည် အနိမ့်ပတ်လမ်းသွား အင်တာနက်ဂြိုဟ်တုကွန်ရက်သစ်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း တင်ပြခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်ကြောင့် ရုရှား၏ ပတ်လမ်းအတွင်းရှိ အာကာသယာဉ်စုစုပေါင်းမှာ ၃၆၄ စင်းအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ပလက်ဆက်စဒရုန်း (Plesetsk Cosmodrome) အာကာသစခန်းမှ အဆိုပါပစ်လွှတ်မှုကို ပြင်ပမှ နှောင့်ယှက်ဟန့်တားရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

“အာကာသဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်ဘူးလို့ လူတွေပြောကြပေမဲ့ ကျွန်တော်တို့ရဲ့ ‘မိတ်ဆွေ’ ဆိုသူတွေက ဒီပစ်လွှတ်မှု မအောင်မြင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီနေ့မှာ အာကာသစခန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ Roscosmos လုပ်ငန်းစုတွေနဲ့ အာကာအဖွဲ့တွေရဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မိမိတို့ရဲ့ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ကြပါတယ်” ဟု ဘာကာနော့ဗ်က ဆိုသည်။

ထို့ပြင် ဘာကာနော့ဗ်သည် ပူတင် ကို ‘New Start’ စီမံကိန်းအကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါစီမံကိန်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတစ်ဦးက ၈ နှစ်တာကာလအတွင်း ရူဘယ် ဘီလျံ ၆၀၀ ထည့်ဝင်မည်ဖြစ်ပြီး ယင်းရန်ပုံငွေကို Topol ဒုံးကျည် ကို အသွင်ပြောင်းလဲရန်နှင့် တစ်ကြိမ်ထက်မက ပြန်လည်အသုံးပြုနိုင်သည့် လွှတ်တင်ရေးယာဉ် ထုတ်လုပ်ရန် အသုံးပြုမည်ဖြစ်သည်။ ၎င်း၏ ပထမဆုံး ပစ်လွှတ်မှုကို ဗော့စတော့ချ်နီ (Vostochny Cosmodrome) အာကာသစခန်းမှ ၂၀၂၇ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref:ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ ရေကစားသူများနှင့်ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ မန္တလေးသင်္ကြန်၌ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ တေးသံရှင်များ၊ ပြိိုင်ပွဲဝင်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည်။

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း အနိုင်ရ

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း အသင်းနှင့် မြန်မာအသင်းတို့ ယနေ့ ဧပြီ ၁၅ ရက် တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိ နှင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အုပ်စု ပထမဆုံးပွဲစဉ်အဖြစ် လာအိုအသင်း နှင့် ယှဉ်ပြိုင်ခဲ့ပြီး ဂိုးမရှိ သရေကျထားခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက် သနပ်ခါးလိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။ အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071