Friday, August 7, 2026

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊...

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂...

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက်...

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂...

ချင်းရွှေဟော်၊ ဩဂုတ်-၇​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ...
HomeInternationalရုရှားသမ္မတပူတင်အိန္ဒိယသို့သွားမည်

ရုရှားသမ္မတပူတင်အိန္ဒိယသို့သွားမည်

မော်စကို၊ဒီဇင်ဘာ ၂

ရုရှားသမ္မတဗလာဒီမာပူတင်သည် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ခရမ်မလင်၏သတင်းထုတ်ပြန်ချက်အရသိရသည်။

သမ္မတပူတင်၏ အိန္ဒိယသို့သွားမည့်ရက်ကို လာမည့်နှစ်ဆန်းတွင် တရားဝင်ထုတ်ပြန်ကြေငြာမည်ဖြစ်ကာ ပူတင်သည် ရုရှား – ယူကရိန်းအရေးစပြီးကတည်းက အိန္ဒိယသို့ပထမဆုံးအကြိမ်သွားရောက်ခြင်းလည်းဖြစ်သည်။

“နှစ်ဖက်ခေါင်းဆောင်တွေကြားမှာ တစ်နှစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့သဘောတူညီချက်ရှိပါတယ်၊ဒီနှစ်ကတော့ ရုရှားခေါင်းဆောင်က အိန္ဒိယကိုသွားရမဲ့အလှည့်ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ်ကလည်းဖိတ်ကြားထားပါတယ်” ဟု ခရမ်မလင်ကထုတ်ပြန်ခဲ့သည်။

မကြာသေးမီက ရုရှား၌ပြုလုပ်ခဲ့သည့် BRICS ထိပ်သီးအစည်းအ‌ဝေး၌လည်း မိုဒီက ရုရှားသမ္မတကို ၎င်းအနေဖြင့် ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ ငြိမ်းချမ်းစွာအဆုံးသတ်နိုင်ရေးအတွက် ကူညီပေးရန်အဆင်သင့်ရှိနေသည်ဟုပြောကြားခဲ့သည်။

ယင်းနောက်မိုဒီသည် ယူကရိန်းသို့လည်းသွားကာ သမ္မတဇလန်းစကီးနှင့်တွေ့ဆုံခဲ့ပြီး ပူတင်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကာ ပဋိပက္ခကိုအဆုံးသတ်ရန်တိုက်တွန်းခဲ့သည်ဟုလည်းသိရသည်။

ခရမ်မလင်၏ထုတ်ပြန်ချက်အရ အိန္ဒိယနှင့်ရုရှားခေါင်းဆောင်များသည် အဆက်အသွယ်အမြဲလိုလိုရှိကြပြီး နှစ်လတစ်ကြိမ်ဖုန်းပြောလေ့ရှိကာ BRICS ထိပ်သီးအစည်းအဝေးမတက်မီ ပြီးခဲ့သည့်ဇူလိုင်လကလည်း မိုဒီသည်ရုရှားသို့သွားခဲ့သေးသည်။

Source : သည်အင်ဒီးယန်းအိတ်စ်ပရက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၌ ထူးကဲဒီရေ တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေး

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။ ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂ ဦး ‌ေ-သဆုံးပြီး ၂၀ ကျော် ဒ-ဏ်ရာရ

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ​ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ‌ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071