Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeInternationalရုရှားဝန်ကြီးချုပ် မီရှူစတင်နှင့် ရှီကျင့်ဖိန်...

ရုရှားဝန်ကြီးချုပ် မီရှူစတင်နှင့် ရှီကျင့်ဖိန် ပေကျင်းတွင် တွေ့ဆုံ

ရုရှားဝန်ကြီးချုပ် မီခါအီလ် မီရှူစတင် (Mikhail Mishustin) နှင့် တရုတ်သမ္မတ ရှီကျင့်ဖိန်တို့သည် ပေကျင်းရှိ ပြည်သူ့ မဟာခန်းမကြီးတွင် နှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့တွင် တွေဆုံ‌ဆွေးနွေးကြသည်။

ရှီကျင့်ဖျင်နှင့် မီရှူစတင်တို့သည် စကားစမြည်မပြောမီ ဦးစွာ လက်ဆွဲနှုတ်ဆက်ကြကာ အတူတကွဓာတ်ပုံရို-က်ခဲ့ကြပြီးနောက် ဆွေးနွေးပွဲသို့ ဆက်လက်သွားရောက်ခဲ့ပါသည်။

ရုရှားဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသူများမှာ ဒုတိယဝန်ကြီးချုပ်များဖြစ်ကြသော တာတီယာနာ ဂိုလီကိုဗာ(Tatyana Golikova)၊ ဒီမီထရီ ချာနီရှန်ကို(Dmitry Chernyshenko)၊ ယူရီ ထရူနစ်ဗ်(Yury Trutnev) နှင့် အလက်ဇန္ဒါး နိုဗက်(Alexander Novak)၊ တရုတ်နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း၏ အထူးအာဏာပိုင် အကြီးတန်းသံအမတ်ကြီး အီဂေါ မော်ဂူလော့ဗ်(Igor Morgulov)၊ စိုက်ပျိုးရေးဝန်ကြီး အော့ခ်ဆာနာ လု့တ်(Oksana Lut)၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မက်ဇင် ရီရှက်နစ်ကော့ဗ်(Maxim Reshetnikov)၊ ဘဏ္ဍာရေးဝန်ကြီး အန်တွန် ဆီလူအာနော့ဗ်(Anton Siluanov)၊ ပို့ဆောင်ရေးဝန်ကြီး အန်ဒရေ နီကီတင်(Andrey Nikitin)၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေ ရူဒန်ကို(Andrey Rudenko)၊ အစိုးရအဖွဲ့ အကြီးအကဲ၏ ဒုတိယဝန်ထမ်းအကြီးအကဲ အယ်လ်မီယာ တာဂီရော့ဗ်(Elmir Tagirov) နှင့် နိုင်ငံတော် အတွင်းရေးမှူးနှင့် ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ အလက်ဆေး ဂူဇနော့ဗ်(Alexey Guznov) တို့ ဖြစ်ကြသည်။

ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ တက်ရောက်ကြသူများမှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi)၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဥက္ကဋ္ဌ ကျန့်ရှန်ကျဲ(Zheng Shanjie)၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝမ်ထောင်(Wang Wentao)၊ ဘဏ္ဍာရေးဝန်ကြီး လန်ဖော်အန်(Lan Fo’an)၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအာဏာပိုင် အကြီးတန်းသံအမတ်ကြီး ကျန်းဟန်ဟွေး(Zhang Hanhui)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ လက်ထောက် လူလုဟွာ(Lu Luhua)၊ တရုတ်သမ္မတ၏ ကိုယ်ရေးရုံးအကြီးအကဲ ဟန်ရှီမင်(Han Shimin)၊ နိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက် (ဒုတိယဝန်ကြီးအဆင့်ရှိသူ)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပနှင့် ဗဟိုအာရှရေးရာ ဦးစီးဌာန အကြီးအကဲ လျူဘင်(Liu Bin)၊ နိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက် (ဒုတိယဝန်ကြီးအဆင့်ရှိသူ)၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးထုံးတမ်းစဉ်လာ ဦးစီးဌာန အကြီးအကဲ ဟုန်လေ(Hong Lei) တို့ ဖြစ်ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071