ဗလာဒီဗိုစတော့ခ်၊ဇန်နဝါရီ ၃၁
ရုရှားလုံခြုံရေးတပ်ဖွဲ့များသည် အာမာဒေသရှိ နာမည်ကြီး မူးယစ်ဆေးဝါးဓာတ်ခွဲခန်းတစ်ခုကို ဝင်စီးနင်းရာ၌ ဆေးခြောက်နှင့်အခြားမူးယစ်ဆေးဝါး ကီလိုဂရမ် ၆၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများကဖော်ပြခဲ့သည်။
အဆိုပါစစ်ဆင်ရေးသည် ကြီးမားသည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတွင်ပါဝင်သည့် ဒေသပေါင်းစုံ ရာဇဝတ်ဂိုဏ်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုသည်။
အဆိုပါစစ်ဆင်ရေးအတွင်း အာမာဒေသရှိ ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့က မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင့်မူးယစ်ဆေးထုတ်လုပ်သည့်ဓါတ်ခွဲခန်းများရှိသည့် မူးယစ်ဂိုဏ်းကို ဝင်ရောက်ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ယင်းသို့စီးနင်းမှုအတွင်း အာဏာပိုင်များသည် ရူဘယ် ၂၅ သန်း (အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ခန့်) ကျော်တန်ဖိုးရှိသော မူးယစ်ဆေးခြောက်သန်းကျော်နှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကိရိယာများကိုသိမ်းဆည်းရမိခဲ့သည်ဟုလည်းသိရသည်။
လက်ရှိတွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန် ကြိုးပမ်းမှုအတွက် ရုရှားနိုင်ငံ၏ ရာဇသတ်ကြီးပုဥပဒေအရ ရာဇဝတ်ကြောင်းအရ အရေးယူမှုများစတင်ဆောင်ရွက်နေပြီဖြစ်ကာ ပြစ်မှုထင်ရှားပါက ၎င်းတို့သည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရနိုင်သည်ဟုလည်းဆိုသည်။
Source : ရှင်းဟွာ