Tuesday, April 21, 2026

တရုတ်၌ဓာတ်ပေါင်းဖို ၅၀ အထိ တပြိုင်တည်းတည်ဆောက်နိုင်ပြီဖြစ်

ဧပြီလ ၂၁ ရက် တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို လျင်မြန်စွာ တိုးချဲ့ပြီး ဤကဏ္ဍ ၌ ကမ္ဘာ့ ထိပ်သီးဖြစ်လာရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖို...

ရေလက်ကြားပိတ်ဆို့မှုက အာဆီယံစီးပွားရေးကျပ်တည်း‌စေနိုင်

ဧပြီလ ၂၁ ရက် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် အာဆီယံနိုင်ငံတိုင်းကို ထိခိုက်နေပြီး ကပ်ဆိုက်ခါ နီးနေပြီဖြစ်ကြောင်း မလေးရှားစူလ်တန် နာဇရင် ရှား က ဆိုသည်။ စူလတန်က...

EAO အဖွဲ့များ ဇူလိုင် ၃၁...

EAO အဖွဲ့များ ဇူလိုင် ၃၁ ရက်အတွင်း ကြိုတင်ကန့် သတ်ချက်များမထားသည့်ဆွေးနွေးပွဲများကျင်းပမည်ဖြစ်၍ ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီမှ ယနေ့ ဧပြီ ၂၁ ရက်ကထုတ်ပြန်ဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင်...

ကမ္ဘောဒီးယား၌၂၀၂၆ အပြည်ပြည်ဆိုင်ရာတရုတ်ဘာသာစကားနေ့ ကျင်းပ

ဖနွမ်းပင်၊ ဧပြီ ၂၁ ရက် ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ တရုတ်ဘာသာစကားနေ့ကို ကျင်းပခဲ့ရာ ဒေသခံအရာရှိများ၊ ပညာရေးလောကမှ ပညာရှင်များ၊ ကျောင်းသားများနှင့်...
HomeMoviesရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ


         
အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။
       
မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။
       
ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။
       
“ကံကောင်းထောက်မစွာပဲ ရုရှားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပက်ထရိုနာ့စ်အဖွဲ့က သူတို့နဲ့ ညှိနှိုင်းလို့ရပါတယ်” ဟု မလေးဘာသာသုံး နေ့စဉ်ထုတ်သတင်းစာ Sinar Harian ကို ၎င်းက ပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။
        
ယခင်ကထွက်ပေါ်ထားခဲ့သော သတင်းများအရ အရှေ့တောင်အာရှနိုင်ငံများစွာသည်လည်း ရုရှားရေနံကို ဝယ်ယူရန် ဆက်သွယ်ခဲ့ကြသည်  သို့မဟုတ် သဘောတူညီချက်များ ရရှိခဲ့ကြသည်ဟု သိရသည်။
       
သောကြာနေ့အစောပိုင်းတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။ သို့သော် စနေနေ့တွင် တေရန်က ယင်းသဘောထားကို ပြောင်းပြန်လှန်ခဲ့ပြီး ရေလက်ကြားကို ပြန်လည်ထိန်းချုပ်ရန် ထပ်မံပိတ်ပစ်ခဲ့သောကြောင့် စစ်ပွဲတွင် မရေရာမှုများ ထပ်မံဖြစ်ပေါ်စေခဲ့သည်။
     
အပ-စ်အခတ်ရပ်စဲရေးကို ချိုးဖေ-ာက်၍ အီရန်ဆိပ်ကမ်းများကို အမေရိက,က ဆက်လက်ပိတ်ဆို့ထားခြင်းကို တုန့်ပြန်နေကြောင်း အီရန်က ပြောကြားခဲ့ပြီး အီရန်ရေတပ်သည် ရန်သူများအကြီးအကျယ် ရှုံးနိမ့်စေရန် အသင့်ရှိနေကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက ပြောကြားခဲ့သည်။
       
အစိုးရ၏ အစောပိုင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မကြာသေးခင် ရက်သတ္တပတ်များအတွင်း ဟော်မုဇ်ရေလက်ကြားရှိ အရေးကြီးသောလမ်းကြောင်းကို ပထမဆုံး ဖြတ်သန်းနိုင်ခဲ့သည့်သင်္ဘောများတွင် မလေးရှားရေနံတင်သင်္ဘောများ ပါဝင်ခဲ့ကြောင်း စနေနေ့တွင် အန်ဝါက ပြောကြားခဲ့သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ဓာတ်ပေါင်းဖို ၅၀ အထိ တပြိုင်တည်းတည်ဆောက်နိုင်ပြီဖြစ်

ဧပြီလ ၂၁ ရက် တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို လျင်မြန်စွာ တိုးချဲ့ပြီး ဤကဏ္ဍ ၌ ကမ္ဘာ့ ထိပ်သီးဖြစ်လာရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖို အလုံး ၅၀ အထိ ကို တစ်ပြိုင်နက်တည်း တည်ဆောက်နိုင်စွမ်းရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သောကြာနေ့က တရုတ်နျူကလီးယားစွမ်းအင်အသင်း (စီအန်အီးအေ) က ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ဒီဇိုင်း ပုံထုတ်ရေးဆွဲခြင်းမှ တည်ဆောက်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ဓာတ်ပေါင်းဖို ဒါဇင်ပေါင်းများစွာအတွက် တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။ "တရုတ်နိုင်ငံရဲ့ နျူကလီးယားနည်းပညာ စွမ်းဆောင်ရည်ဟာ 'နောက်ကလိုက်' တဲ့...

ရေလက်ကြားပိတ်ဆို့မှုက အာဆီယံစီးပွားရေးကျပ်တည်း‌စေနိုင်

ဧပြီလ ၂၁ ရက် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် အာဆီယံနိုင်ငံတိုင်းကို ထိခိုက်နေပြီး ကပ်ဆိုက်ခါ နီးနေပြီဖြစ်ကြောင်း မလေးရှားစူလ်တန် နာဇရင် ရှား က ဆိုသည်။ စူလတန်က ဆက်လက်ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကို တိုက်ရိုက်ထိခိုက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။ "စွမ်းအင်၊ မြေဩဇာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အဆမတန်မြင့်တက်လာတာဟာ အစားအသောက်ဈေးနှုန်းတွေကို မြင့်တက်စေပြီး၊ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကုန်ကျစရိတ်တွေကို တိုးပွားစေကာ ငွေကြေးဖောင်းပွမှုကို အားပေးနေပါတယ်။ စွမ်းအင်အရန်အင်အားနည်းတဲ့ နိုင်ငံတွေဟာ အဆိုးရွားဆုံး ထိခိုက်ရသူတွေ ဖြစ်ပါတယ်" ဟု အင်္ဂါနေ့က ကျင်းပသော ပူထရာဂျာယာ ဖိုရမ်တွင်...

EAO အဖွဲ့များ ဇူလိုင် ၃၁ ရက်အတွင်း ကြိုတင်ကန့် သတ်ချက်များမထားသည့်ဆွေးနွေးပွဲများကျင်းပမည်ဖြစ်၍ ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖိတ်ခေါ်

EAO အဖွဲ့များ ဇူလိုင် ၃၁ ရက်အတွင်း ကြိုတင်ကန့် သတ်ချက်များမထားသည့်ဆွေးနွေးပွဲများကျင်းပမည်ဖြစ်၍ ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီမှ ယနေ့ ဧပြီ ၂၁ ရက်ကထုတ်ပြန်ဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အထူးလိုအပ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အ ကောင်အထည်ဖော်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များ မထားသည့်ဆွေးနွေးပွဲများကျင်းပသွားမည်ဟု ဖိတ်ခေါ်ချက်၌ရေးသားထားသည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံ၍ NCA ပါသဘောတူညီချက်များကို ပြီးစီးအောင်မြင်သည်အ ထိ အတူတကွပူးတွဲအကောင်အထည်ဖော်နိုင်ရေးတွေ့ ဆုံဆွေးနွေးရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071