ရုရှားဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်ရမည့် ရိုးရာလက်ဝှေ့ဖိုက်တာ ထွန်းမင်းအောင်အနေဖြင့် ယနေ့ မေ(၃၀)ရက်တွင် ဆေးစစ်ဝိတ်ချိန်မှုအောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မနက်ဖြန် မေ(၃၁)ရက် ထိုင်းစံတော်ချိန် (၇)နာရီအချိန်၌ ON E က ပြုလုပ်သည့် ONE Lumpinee 65 ပွဲစဉ်တွင် ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ရုရှားဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
ထွန်းမင်းအောင်သည် ပွဲစဉ်အတွက် မေလ (၂၆)ရက်တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာခဲ့ကာ ဝိတ်ချခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
မနက်ဖြန် ထွန်းမင်းအောင် ပွဲထွက်မည့်ပုံစံမှာ အစ်ကိုဖြစ်သူ ထွန်းထွန်းမင်း ပွဲထွက်ခဲ့ဖူးသည့် ခမောက်စောင်းကာပေါက် တူးထမ်းသည့် ပုံစံဖြင့် ပွဲထွက်ပါဖောမန့်အား လုပ်ဆောင်သွားရန်ရှိကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပွဲကြို သတင်းစ ကားပါးထားသည်။
ယခုလ မေ(၁၇)ရက်ကလည်း ONE ကပြုလုပ်သည့် Friday Fight 36 ပြိုင်စဥ်တွင် ထွန်းမင်းအောင်နှင့် ညီအကိုတော်စပ်သူ ထွန်းမင်းနိုင်က ဂျပန်ဖိုက်တာ တိုမိုကီဆာတို နှင့်ယှဉ်ပြို င်ထိုးသ-တ်ခဲ့ရာ ပြိုင်ဘက် ဂျပန်ဖိုက်တာအား ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။