Thursday, April 2, 2026

Huione Pay ဘုတ်ဥက္ကဋ္ဌဟောင်းကို ဖနောင်ပင်မှ...

ဧပြီလ ၂ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Huione Pay ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ အွန်လိုင်းလိမ်လည်မှုသံသယရှိသူ လီရှုံ ကို မနေ့က ကမ္ဘောဒီးယားနိုင်ငံမှ...

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ...

စင်ကာပူ၊ ဧပြီလ ၂ ရက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅...

ဗင်နီဇွဲလားယာယီသမ္မတကို ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်း

ဧပြီလ ၂ ရက် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီ‌ဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏...

ထရမ့်ပ်က အီရန်စစ်ပွဲမှ အကွက်လှလှ ဖြင့်နောက်ဆုတ်ခဲ့

ဝါရှင်တန်--နိုင်ငံတကာဈေးကွက်နှင့် တစ်ကမ္ဘာလုံးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ရုတ်ခြည်း လမ်းကြောင်း ပြောင်းပြန်လှန်မှုများနှင့် ကျင့်သားရလာခဲ့ကြသော်လည်း တနင်္လာနေ့တွင် အီရန်စစ်ပွဲမှ နောက်ဆုတ်သည့် လုပ်ကွက်မှာမူ...
HomeNewsLocal Newsရုရှားနှင့်အိန္ဒိယက BRICS၏ ကမ္ဘာလုံးဆိုင်ရာသြဇာကိုမြှင့်တင်ပေး--ပူတင်

ရုရှားနှင့်အိန္ဒိယက BRICS၏ ကမ္ဘာလုံးဆိုင်ရာသြဇာကိုမြှင့်တင်ပေး–ပူတင်

မော်စကို၊ ဒီဇင်ဘာ ၆

BRICS အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကိုမြှင့်တင်ရန်အတွက် ရုရှားနှင့် အိန္ဒိယတို့သည် အတူတကွ ပူးပေါင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ခရမ္မလင် ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ပူတင်သည် အိန္ဒိယသို့ တရားဝင်အလည်အပတ်ခရီးစဉ် သွားရောက်စဉ်အတွင်း ထိုသို့မှတ်ချက်ပြုပြောကြားခဲ့ပြီး အဖွဲ့ကြီးကို စတင်တည်ထောင်သည့် အဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံစလုံးသည် ဘရစ်၏ ကမ္ဘာလုံးဆိုင်ရာသြဇာကိုမြှင့်တင်ရန် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

BRICS အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမည့် အိန္ဒိယနိုင်ငံကို လာမည့်နှစ်တွင် ရုရှားက အပြည့်အဝထောက်ခံမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့ပြီး အဖွဲ့ကြီး၏လက်ရှိအစီအစဉ်ကိုရှေ့သို့ တိုးတက်စေခဲ့သည်။

ရုရှားနှင့် အိန္ဒိယတို့သည် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ ခိုင်မာစေရေးအတွက် ဦးစားပေးလုပ်ငန်းတာဝန်များကို အလေးပေးဖော်ပြသည့် ပူးတွဲကြေညာချက်ကို ချမှတ်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

အခွင့်အလမ်းများကို ဖိနှိပ်မည့်အစား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံများအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Huione Pay ဘုတ်ဥက္ကဋ္ဌဟောင်းကို ဖနောင်ပင်မှ တရုတ်သို့ လွှဲပြောင်း

ဧပြီလ ၂ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Huione Pay ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ အွန်လိုင်းလိမ်လည်မှုသံသယရှိသူ လီရှုံ ကို မနေ့က ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းသည် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း သိရှိရသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးရာပြစ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ရေးကွန်ရက် (FinCEN) ၏ အဆိုအရ Huione အုပ်စုသည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ ဘီလျံခန့်ရှိသော တရားမဝင်ငွေကြေးများကို...

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်

စင်ကာပူ၊ ဧပြီလ ၂ ရက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ကြာမြင့်မည့် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် စီမံအုပ်ချုပ်မှု ကဏ္ဍများကို အထောက်အကူပြုမည်ဖြစ်ကြောင်း အဆိုပါ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ငွေလုံးငွေရင်း မြှုပ်နှံမှုနှင့်အတူ မိုက်ခရိုဆော့ဖ်သည် ပညာရေး၊ လုပ်သားအင်အားနှင့် လူမှုရေးကဏ္ဍများတွင် အေအိုင် ကျွမ်းကျင်မှုများက...

ဗင်နီဇွဲလားယာယီသမ္မတကို ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်း

ဧပြီလ ၂ ရက် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီ‌ဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများ ကိုရုပ်သိမ်းပေးခြင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် နေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်တွင် သမ္မတဟောင်း နစ်ကလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို အမေရိကန်စစ်တပ်က ဖမ်းဆီးပြီးနောက်ပိုင်း ရိုဒရီ ဂေးကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကက နောက်ဆုံးအသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့သည် လက်ရှိတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071