Tuesday, April 21, 2026

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂...

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...
HomeInternationalရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ--ယူကရိန်း

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂

ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။

အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင်အထည်ဖော်‌ရေးကို ကြီးကြပ်နေသည်ဟု ပြောကြားခဲ့သည်။

သမ္မတရုံး၊ စစ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန အပါအဝင် ယူကရိန်းရှိဌာန အများအပြားသည် အကျဉ်းသားဖလှယ်မှု လုပ်ငန်းစဉ်အတွက် ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။

“ရုရှားဖက်ကတင်သွင်းလာတဲ့ စာရင်းမှာပါရှိတဲ့လူတစ်ဦးချင်းစီအတွက် အသေးစိတ်အချက်အလက် တွေကို ကျွန်တော်တို့ စိစစ်နေပါတယ်” ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။

ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများ နိုင်ငံသို့ပြန်လာနိုင်ရေးသည် ယူကရိန်း၏ ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုဖြစ်ကြောင်းလည်း ၎င်းကအလေး‌ပေးပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လကတည်းက ယူကရိန်းနှင့်ရုရှားတို့သည် အကျဉ်းသား လဲလှယ်မှုကို ၆‌‌၄ ကြိမ်ပြုလုပ်ခဲ့ကြပြီး ထိုအချိန်မှစ၍ ယူကရိန်းနိုင်ငံသား (၄,၇၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂ နာရီခန့်ကြာချိန်တွင် မီးထိန်းနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းမှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းသည့်အချိန်မှစကာ နာရီပေါင်း ၂၂ နာရီခန့်ကြာ ယနေ့ ဧပြီ ၂၁ ရက်ညနေ ၄ နာ...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက ဧပြီလ ၂၁ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ သုံးနိုင်ငံအား တရုတ်နိုင်ငံ၏ "ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ" ဟု ခေါ်ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက်...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071