Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeInternationalရုရှားနှင့်မြောက်ကိုရီးယားကိုချိတ်ဆက်မည့်တံတား စတင်တည်ဆောက်

ရုရှားနှင့်မြောက်ကိုရီးယားကိုချိတ်ဆက်မည့်တံတား စတင်တည်ဆောက်

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် နူမန်းမြစ်ဖြတ်ကားလမ်းတံတားကို ဧပြီလ ၃၀ ရက် နေ့တွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရထားလမ်းတံတားဖြစ်သော လက်ရှိ “ချစ်ကြည်ရေးတံတား” အနီးတွင် ယခုတံတားကို တည်ဆောက်နေခြင်းဖြစ်သည်။

တံတားသည် ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးတွင် အရေးပါသော ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု တံတားသစ်တည်ဆောက်ခြင်း အခမ်းအနားတွင် ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှူစတင်က ပြောကြားသည်ဟု နိုင်ငံပိုင် တာ့စ်သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

“အရေးပါမှုဟာ အင်ဂျင်နီယာလုပ်ငန်းပိုင်းထက် ကျော်လွန်ပြီး ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်း ဆက်ဆံရေး ခိုင်မာစေမှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်မှု စသည့်ကျွန်ုပ်တို့၏ ဘုံဆန္ဒကို ကိုယ်စားပြုပါတယ်” မစ်ရှူစတင်က ပြောဆိုခဲ့သည်။

လမ်းတံတားအသစ်သည် မီတာ ၈၅၀ ရှည်လျားမည်ဖြစ်ပြီး ရုရှားအဝေးပြေးလမ်းစနစ်နှင့် ချိတ်ဆက်မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်က သမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း တံတားတည်ဆောက်ရေးအတွက် သဘောတူညီမှုရခဲ့သည်။

တံတားအသစ်သည် ၂၀၂၆ ခုနှစ် နွေရာသီတွင် အသုံးပြုရန် အသင့်ဖြစ်လိမ့်မည်ဟု ရုရှားသတင်းစာ Kommersant က ဖော်ပြခဲ့သည်။

တံတားအသစ်ကြောင့် လုပ်ငန်းရှင်များအတွက် သယ်ယူပို့ဆောင်မှု ပမာဏ သိသိသာသာ တိုးလာစေမည်ဖြစ်ကာ သယ်ယူပို့ဆောင်ရေး စရိတ်စကများ လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုနှင့် စီပွားရေးဆက်ဆံမှု ချဲ့ထွင်ရာတွင် အထောက်အကူဖြစ်စေမည့် ထုတ်ကုန်ပစ္စည်း အမျိုးမျိုး၏ ယုံကြည်စိတ်ချရသော တည်ငြိမ်သော ထောက်ပံ့ ဖြည့်တင်းမှုများကို ရစေလိမ့်မည်ဟု မစ်ရှူစတင်က ဆက်လက် ပြောကြားခဲ့သည်။

Ref: အေးရှားဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။ ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071