Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeInternationalရုရှားက ယူကရိန်းမှ ဥရောပသို့...

ရုရှားက ယူကရိန်းမှ ဥရောပသို့ ဓါတ်ငွေ့တင်ပို့နေမှုကို ရပ်မည်

အပူချိန်ကျဆင်းလာချိန်တွင် ဓါတ်ငွေ့လိုအပ်ချက်ကြီးမားလာနိုင်သော ဥရောပတိုက်အနေဖြင့် ယူကရိန်းရှိ ပိုက်လိုင်းများမှတဆင့် ရုရှားဓါတ်ငွေ့ပေးပို့နေမှုကို နှစ်ကူးချိန်နံနက်အစောပိုင်းအထိသာ နောက်ဆုံးအနေဖြင့် လက်ခံရရှိတော့မည်ဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က နိုင်ငံများအကြား တဆင့်ခံ ဓါတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ သဘောတူညီချက်သည် နှစ်ကူးအကြိုညတွင် သက်တမ်းကုန်မည်ဖြစ်ပြီး ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Gazprom က ယူကရိန်းပိုက်လိုင်းများမှတဆင့် ဥရောပသို့ တင်ပို့မှုကို နှစ်သစ်ကူးနေ့တွင် ဖြတ်တောက်ရန် မျှော်မှန်းထားသည်။

သဘောတူညီမှုရရန် အချိန် ၁၁ နာရီသာကျန်ပြီး သဘောတူညီချက်မရခဲ့ပါက ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ခဲ့ပြီးနောက်ပိုင်း သမိုင်းဝင် အရွှေ့အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သည်။ ရုရှားသည် တစ်ချိန်က ဥရောပတိုက်၏ အကြီးဆုံး ဓါတ်ငွေ့ရောင်းချနိုင်ငံဖြစ်သော်လည်း စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ အီးယူဖောက်သည်အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရကာ ဗဟိုဥရောပတစ်ဝန်းမှ ဓါတ်ငွေ့အဝယ်တော်များသည် အမေရိက၊ နော်ဝေနှင့် ကာတာနိုင်ငံများဘက် ခြေဦးလှည့်သွားခဲ့ကြသည်။

“ဒါဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ အခိုက်အတန့်ဖြစ်ပါတယ်” ဟု လွတ်လပ်သော ဓါတ်ငွေ့ဈေးကွက်လေ့လာဆန်းစစ်သူ Tom Marzec Manser က ပြောဆိုသည်။ တဆင့်ခံသဘောတူညီချက် အဆုံးသတ်သွားခြင်းသည် ဥရောပနှင့် ချိတ်ဆက်ထားသည့် ရုရှားဓါတ်ငွေ့သိုက်များ၏ အဓိကလမ်းကြောင်းကို ပိတ်လိုက်ခြင်းဖြစ်ပြီး အရှေ့ဥရောပနိုင်ငံများအနေဖြင့် အနောက်မြောက်ဥရောပဈေးကွက်များမှ ဓါတ်ငွေ့များပိုမိုတင်သွင်းရတော့မည့် သဘောဖြစ်လာကြောင်း ၎င်းက ပြောဆိုခဲ့သည်။

စစ်သားများအနေဖြင့် အေးခဲသော ရာသီတွင် တိုက်ပွဲဝင်နေရသော အရှေ့ပိုင်းစစ်မျက်နှာ၌ စစ်ရေးဆုံးရှုံးမှုများဖြစ်လာခြင်းကြောင့် တိုက်ပွဲများရပ်ရေး စေ့စပ်ဆွေးနွေးများလုပ်ရန် ယူကရိန်းအပေါ် ဖိအားတိုးလာခြင်းနှင့် ဒေါ်နယ်ထရမ့်ပ်လက်ထက်တွင် အမေရိက၏ အထောက်အပံ့များ ရုပ်သိမ်းသွားနိုင်သည့် စိုးရိမ်စိတ်များတိုးလာချိန်တွင် ရုရှားနှင့် ယူကရိန်းအကြား ပိုက်လိုင်းမှဓါတ်ငွေ့ပို့လွှတ်မှုကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Ref: သည်ဂါဒီးယန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ် ၂၄ စီး ကို ကျွန်းတစ်ဝိုက်၌ တွေ့ရှိရဟုထိုင်ဝမ်ပြော

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။အဆိုပါသင်္ဘောသည် အမေရိကန်သင်္ဘောနှစ်စင်းဖြတ်သန်းပြီးရက်ပိုင်းအကြာတွင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ ပေကျင်းသည် ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ဖူးသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်လာပါက တစ်ချိန်တွင် အင်အားသုံးသိမ်းမည်ဟုလည်းပြောကြားထားသည်။ ကနေဒါရေတပ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းပွင့်လင်းမှုကိုထိန်းထားနိုင်ရန်အတွက် ၎င်း၏အခိုင်အမာရပ်တည်ချက်ကို ဖော်ပြသည့်အနေနှင့်သာမက ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်ဟူသောအချက်ကိုပါ ပြသနိုင်ရန်အတွက် ယခုကဲ့သို့ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းသို့ကနေဒါရေတပ်သင်္ဘောဖြတ်သန်းစဉ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များအပါအဝင် လေယာဉ် ၂၄ စီးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေ

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့၌ ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူနယ်စပ်သို့ စစ်ဆေးရေးပြုလုပ်ရန်သတင်းများထွက်ပေါ်နေပြီး ယင်းအတွက် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းခွင့်ကိုပါ ကန့်သတ်ပိတ်ဆို့လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ် မီးဖြတ်တောက်ထားသည့်အတွက် ဒေသထုတ်ကုန်ပစ္စည်းများဈေးမြင့်တက်လာကာ နယ်စပ်ကုန်သွယ်မှုကိုထပ်မံ ကန့်သတ်လိုက်မည်ဆိုပါက အလုပ်အကိုင်များအပြင် တစ်ပိုင်တနိုင်ကုန်စည် ကူးသန်းရောင်းဝယ်သူများပါ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။ " အခုလောလောဆယ်တော့ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေမရှိသေးပါဘူး။ ဖြစ်လာမှာကို...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။ ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071