Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalရုရှားက နေတိုးကို ထပ်မံသွေးတိုးစမ်း

ရုရှားက နေတိုးကို ထပ်မံသွေးတိုးစမ်း

ရုရှားစစ်တပ်ဂျက်လေယာဉ်သုံးစင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့က နေတိုးအဖွဲ့ဝင် အက်စ်တိုးနီးယားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ၁၂ မိနစ်ကြာ ဝင်ရောက်ပျံသန်းကာ မကြုံစဖူး အတင့်ရဲသော ကျူးကျော်မှုလုပ်ခဲ့သည်ဟု အက်စ်တိုးနီးယားအစိုးရက ပြောကြားလိုက်သည်။ ယခုဖြစ်ရပ်သည် မဟာမိတ်အဖွဲ့ကို တုန်လှုပ်စေသော ရုရှား၏ စစ်ရေးလှုပ်ရှားမှုများတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ဂျက်လေယာဉ်များ အက်စ်တိုးနီးယားပိုင်နက်ကို ချိုးဖေ-ာက်ဝင်ရောက်ခဲ့သည်ဆိုမှုအား ငြင်းဆိုခဲ့ပြီး လေယာဉ်များသည် နိုင်ငံတကာရေပြင်တွင်သာ ပျံသန်းခဲ့ခြင်းဟု ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် တင်းမာမှုများမြင့်တက်နေခဲ့ပြီးဖြစ်သည့်အပြင် စက်တင်ဘာလ ၉ ရက် နေ့နှင့် ၁၀ ရက်နေ့ ညပိုင်းက ပိုလန်နိုင်ငံလေပိုင်နက်အတွင်း ရုရှားဒရုန်းအစင်း ၂၀ ကျော်ဝင်ရောက်ခဲ့သည့်ဖြစ်ရပ်အပြီး သီတင်းတစ်ပတ်အကြာတွင် ယခုကျူးကျော်မှု ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဒရုန်းများကျူးကျော်မှုတွင် နေတိုးဂျက်လေယာဉ်များက ဒရုန်းအချို့ကိုပ-စ်ချခဲ့ရပြီး ရုရှားသည် မဟာမိတ်အဖွဲ့၏ အသင့်ဖြစ်မှုနှင့် ဖြေရှင်းနိုင်မှုကို စမ်းသပ်နေသည်ဟု အနောက်နိုင်ငံ အရာရှိများက သုံးသပ်ခဲ့သည်။

ထို့အပြင် ယခုဖြစ်ရပ်သည် ရုရှားနျူကလီးယားလက်နက်များကို အစမ်းပ-စ်လွှတ်လေ့ကျင့်မှုလည်းပါဝင်ခဲ့သည့် ရုရှားနှင့် ဘီလာရုစ်တို့၏ ဇာပက်ဒ်-၂၀၂၅ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီး သုံးရက်အကြာတွင်ပေါ်ပေါက်ခဲ့ခြင်းလည်းဖြစ်သည်။

MiG-31 တိုက်လေယာဉ် သုံးစင်းသည် ခွင့်ပြုချက်မရှိဘဲ အက်စ်တိုးနီးယားလေပိုင်နက်အတွင်းဝင်ရောက်ခဲ့ကာ ၎င်းတို့အား ပြန်ဆုတ်ခွာခိုင်းခြင်းမပြုမီ စုစုပေါင်း ၁၂ မိနစ်ခန့် လေပိုင်နက်အတွင်းရှိနေခဲ့ကြောင်းနှင့် ယင်းသည် မြန်နှုန်းမြင့်လေယာဉ်တစ်စင်း နိုင်ငံအနှံ့အပြားသို့ ပျံသန်းသွားရောက်နိုင်သည့် အချိန်ကာလတစ်ခုဖြစ်ကြောင်း အက်စ်တိုးနီးယားအစိုးရက ပြောကြားခဲ့သည်။

ရုရှားသည် ယခုနှစ်အတွင်း အက်စ်တိုးနီးယား လေပိုင်နက်အတွင်း ချိုးဖေ-ာက်ဝင်ရောက်ခဲ့သည်မှာ လေးကြိမ်တိုင်ရှိပြီဖြစ်ပြီး ယင်းကို ၎င်းကိုယ်တိုင် လက်ခံနိုင်ဖွယ်ရာမဟုတ်သော်ငြားလည်း ယနေ့ချိုးဖေ-ာက်မှုတွင် တိုက်လေယာဉ်သုံးစင်း မိမိတို့လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည့်အနေအထားသည် ထင်မှတ်မထားသော ပြောင်ကျကျလုပ်ရပ်ဖြစ်နေကြောင်း အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Margus Tsahkna က ပြောကြားခဲ့သည်။

ရုရှားဂျက်လေယာဉ်များသည် ရုရှားပြည်မကြီးနှင့် ၎င်း၏ ကာလီနင်ဂရတ်အကြားရှိ ဘောလ်တစ်ပင်လယ်ပြင်ကို ပုံမှန်ဖြတ်ကျော်ပျံသန်းလေ့ရှိသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071