မော်စကို၊ ဇွန် ၁၂
ရုရှားသည် လက်ရှိတွင် မောင်းသူမဲ့လေယာဉ် (UAV) တပ်ဖွဲ့များကို သီးခြားတပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
“အခုကျွန်တော်တို့က မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သီးခြားဌာနခွဲတစ်ခုအနေနဲ့ တည်ဆောက်နေပါတယ်။ သူတို့ကို မြန်မြန်နဲ့ တွင်တွင်ကျယ်ကျယ် ဖြန့်ကျက်ဖို့နဲ့ ထုတ်လုပ်ဆောင်ဖို့လိုတယ်” ဟု ပူတင်သည် ၂၀၂၇-၂၀၃၆ ခုနှစ်အထိ နိုင်ငံတော်အစိုးရလက်နက်တပ်ဆင်ရေး အစီအစဉ်မူကြမ်း၏ အဓိကသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရန် အစည်းအဝေးတစ်ခုတွင်ပူတင်က ပြောကြားခဲ့သည်။
ရုရှားသည် ထိုကဲ့သို့သော တပ်ဖွဲ့များကို တည်ဆောက်ရာတွင် အတွေ့အကြုံကောင်းများ ရှိထားပြီးဖြစ်သည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။ “ရန်သူဘယ်လိုပြုမူတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ခြုံငုံပြောရရင်တော့ ကျွန်တော်တို့ဟာ ဒီနယ်ပယ်မှာ နောက်ကျကျန်နေသေးတယ်လို့ တော့ မထင်မိပါဘူး။ ဒါ့အပြင် ဒီတပ်ဖွဲ့ကို ထူထောင်ဖို့ ကောင်းမွန်တဲ့အတွေ့အကြုံကောင်းတွေ ရှိထားတယ်လို့လည်း ထင်ပါတယ်။ အဲဒီထဲမှာ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားမှု၊ ထုတ်လုပ်မှုနဲ့ တပ်တွေရဲ့ တို-က်ရည်ခို-က်ရည်ကို မြှင်တင်ပေးတဲ့ခေတ်မီ လေယာဉ်တွေ ကို ဖြည့်တင်းပေးဖို့တို့ ပါဝင်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။
ဒရုန်းအော်ပရေတာများကြောင့် ရန်သူ၏ စက်ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများ၏ ၅၀ ရာခိုင်နှုန်းအထိ အသုံးမဝင်သောအခြေအနေတွင်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ “မောင်းသူမဲ့ UAV ၏ တို-က်ခို-က်မှု၏ ထိရောက်မှုသည် လျင်မြန်စွာ တိုးတက်လာပါသည်။ ရန်သူ့သံချပ်ကာယာဉ်များ၊ ဆက်သွယ်ရေး အချက်အချာကျသောနေရာများ၊ သယ်ယူပို့ဆောင်ရေးနှင့် လူအင်အားတို့ကို လည်းဖျ-က်ဆီးပစ်နိုင်ပါသည်”ဟု ပူတင်ကဆိုသည်။
“ဒရုန်းများကို ထောက်လှမ်းခြင်း၊ အီလက်ထရွန်းနစ်စစ်ပွဲများ၊ မိုင်းထောင်ခြင်းနှင့် မိုင်းရှင်းခြင်းနယ်ပယ်များတွင်လည်း အသုံးပြု လျှက်ရှိပါသည်။ ၎င်းတို့၏ ထိရောက်မှုမှာ အဆက်မပြတ် ကြီးမာနေပါသည်” ဟု ပူတင်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ