မကြာသေးမီက စေ့စပ်ညှိနှိုင်းမှုများ ခေတ္တရပ်နားထားသော်လည်း ယူကရိန်းအရေး ဆွေးနွေးရန် ရုရှားက လမ်းဖွင့်ထားကြောင်း ရုရှ ခရင်မ်လင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ယူကရိန်းတွင် ဖြစ်ပွားနေသောကိစ္စကို မော်စကိုက နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း Peskov က ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်ပင်၊ Peskov က ယူကရိန်းအရေးပေါ်ထိပ်သီးအစည်းအဝေးကျင်းပရန် တောင်းဆိုမှုများကို “စိတ်ခံစားမှု” အဖြစ် ဖော်ပြခဲ့ပြီး ထိုသို့သောတွေ့ဆုံမှုသည် သင့်လျော်သောပြင်ဆင်မှု လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကြိုတင်ပြင်ဆင်မှုမရှိဘဲ အစည်းအဝေးကျင်းပမယ်ဆိုရင် လုံးဝအသုံးမဝင်ပါဘူး”လို့ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
ပြီးခဲ့သည့် ရက်များအတွင်းဘီလာရုစ်နှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်တွင် ယူကရိန်း ဆွေးနွေးပွဲများ ခေတ္တရပ်ထားမည်ဟု ရုရှားက ပြောကြားခဲ့သည်။
Ref:china.org.cn
