မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးအတွင်းမှ ရုပ်အလေ-ာင်း(၄)ခုကို ယနေ့ သြဂုတ် ၂၅ ရက်က ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
Sky Villa အဆောက်အအုံ A အဆောင်အား NTL ကုမ္ပဏီ(Sky villa condo)၊ မန္တလေးမြို့တော်စည်ပင်နှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရှင်းလင်းခဲ့ကြရာ အဆောင် (A)၊ အခန်းအမှတ်(A4)မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့၏ ရုပ်အလေ-ာင်းများအားတွေ့ရှိထုတ်ယူခဲ့ကြပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
