ရုပ်ရှင်အစည်းအရုံးမှ ၇၅ နှစ်အထက် သက်ကြီးအနုပညာရှင်များအတွက် ထောက်ပံ့များကြေးပေးများပေးခဲ့တယ်လို့ ပြောခဲ့တဲ့ဦးအေးကြူလေး

ရုပ်ရှင်အစည်းအရုံးမှ လွန်ခဲ့တဲ့လပိုင်းလောက်က အခြေခံအစားသောက်များဝေဌပေးခဲ့တဲ့အပြင် အခုလက်ရှိမှာလည်း ၇၅ နှစ်အထက် သက်ကြီးအနုပညာရှင်များအတွက် ထောက်ပံ့ငွေများကိုယနေ့ ဧပြီလ ၁ ရက်နေ့မှာ ပေးခဲ့တာဖြစ်ပါတယ်။
အခုလိုထောက်ပံ့ငွေပေးတာနဲ့ပတ်သက်ပြီး ဦးအေးကြူလေးက”မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလစဉ် အသက်၇၅နှစ်အထက်ရုပ်ရှင်သက်ကြီးမိဘ၅၀ဉီးအားထောက်ပံကြေးပေးခဲ့ရာမတ်လအတွက်ထုတ်ဝေပေးခဲ့တယ် ” လို့ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံးအနေနဲ့ အစည်းအရုံးဝင်ထဲမှ ကွယ်လွန်သွားသည်ရှိသော် တစ်သိန်းခွဲ ဆေးရုံတက်သူဆိုရင် တစ်သိန်း ထောက်ပ့ံပေးကြောင်းသိရပါတယ်။





