Monday, June 23, 2025

ဂျပန်တွင် ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့...

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE...

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...
HomeNewsရိုင်နီယာကို ပထမအချီမှာပင် အလဲထိုးပြမည်ဟု...

ရိုင်နီယာကို ပထမအချီမှာပင် အလဲထိုးပြမည်ဟု ဆိုလာသည့် မာလီခင်နှင့် ပြန်ကလဲ့စားချေဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ပြီးပြီဟုဆိုလာသည့် ရိုင်နီယာ

One Championship မှ ချန်ပီယံများဖြစ်ကြသည့် ရိုင်နီယာနှင့် မာလီခင်တို့သည် လာမည့်မတ်လ (၁) ရက်တွင် ကာတာ ၌ ခါးပတ်လုပွဲ ထိုးသ-တ်ကြတော့မည်ဖြစ်သည်။

One Championship ONE 166 ပွဲစဉ်တွင် Middleweight ခါးပတ်လုပွဲစဉ်ကို ကစားမည်ဖြစ်ပြီး ရိုင်နီယာက ၎င်း၏ Middleweight ခါးပတ်ကာကွယ်ရမည်ဖြစ်ပြီး မာလီခင်အနိုင်ရခဲ့ပါက သုံးထပ်ကွမ်း ချန်ပီယံဖြစ်မလာည်ဖြစ်သည်။

ရိုင်နီယာနှင့် မာလီခင်တို့၏ Face-Off အစီအစဉ်ကို ယမန်နေ့ညက ပြုလုပ်ခဲ့ရာ ရိုင်နီယာကို ပထမအချီမှာပင် ညာလက်သီးဖြင့် အလဲထိုးပြမည်ဟု မာလီခင်ကပြောခဲ့ပြီး ရိုင်နီယာမှလည်း ပြန်ကလဲ့စားချေဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ပြီးပြီ ဒီတစ်ခါချုပ်ကွက်ဖြင့် ပြန်အနိုင်ယူပြမည်ဟု ပြောကြားခဲ့သည်။

ရိုင်နီယာသည် Middleweight နှင့် Light Heavyweight ကမ္ဘာ့ချန်ပီယံဘွဲ့ကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းထံမှ ရယူခဲ့ပြီးနောက် မာလီခင်နှင့် ပထမအကြိမ် ထိုးသ-တ်ရာတွင် ပထမအချီ၌ပင် ပင်အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး Light Heavy weight ကမ္ဘာ့ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသူလည်းဖြစ်သည်။

မာလီခင်မှာ လက်ရှိအချိန်တွင် Heavyweight နှင့် Light Heavyweight ၏ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ရိုင်နီယာကို ထပ်မံအနိုင်ရပါက Middleweight ချန်ပီယံဘွဲ့ကို ပါရရှိကာ သုံးထပ်ကွမ်း ချန်ပီယံဖြစ်လာမည် ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်တွင် ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE Summer Camp-2025)သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများပါဝင်တက်ရောက်ခွင့်ရရှိခဲ့သည်။ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့(Fukuoka)အခြေစိုက် အာရှ - ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း(Asian-Pacific Children's Convention-APCC )မှဦးစီး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲသို့တတ်ရောက်ရန် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း(MJA)မှဦးစီး၍အခြေခံပညာကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်အောင်ဘုန်းမြတ်သာ၊ မောင်ကြည်စိုးဟန်၊ မောင်ဘုန်းမော်ကွန်း၊ မခိုင်ဝတ်ရည်မင်း၊ မကြည်ဖြူချမ်းလင်းနှင့် မဖြိုးမွန်မွန်မြင့်တို့အား...

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အော့ဒါ မီယန်ချေ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ စနေနေ့ညက အကြောင်းကြားခဲ့သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။ "အဲဒီနယ်စပ်ဂိတ်ကို ကျွန်တော်တို့ဘက်ကလည်း အပြီးတိုင်ပိတ်ပစ်မယ်ဆိုတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့တုန့်ပြန်မှုကို ကျွန်တော်လည်းသဘောတူပါတယ်” ဟု ဟွန်မာနက်က ၎င်း၏ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ပို့စ်တွင်ရေးသားခဲ့သည်။ "ဆက်လက်ပြီးကမ္ဘောဒီးယားဘက်ကလည်း ချိုအမ်း မှာရှိတဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုကိုပါ ချောက်ဘ် ကော်ကီ စစ်ဆေးရေးဂိတ်နဲ့အတူ ဒီနေ့ကစပြီး ပိတ်ဖို့ဆုံးဖြတ်ထားပါတယ်၊အဲ့ဒါကိုလည်းထိုင်းအုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ညွှန်ကြားထားပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဇွန်လ ၇ ရက် နေ့မှစပြီး...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071