ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှုပုံစံများ မှန်းဆမရလောက်အောင် ပြောင်းလဲလာသည်နှင့်အမျှ သက်ရောက်မှုများကို ခံစားလာနေရသည်။
မကြာသေးမီနှစ်များအတွင်း ဖနွမ်းပင်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များသည်ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရသည်။ ထောင်နှင့်ချီသော မိသားစုများ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အရေးကြီးသော အခြေခံအဆောက်အဦးများနှင့် စိုက်ပျိုးရေးထွက်ကုန်များ အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုဆိုးလာသည့်ရေကြီးမှုများက ပိုပြင်းထန်လာကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
ကမ္ဘောဒီးယား၏ ကမ်းရိုးတန်းဒေသများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအတွက် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ကမ်းရိုးတန်းတိုက်စားမှုနှင့် ရေငန်ဝင်ရောက်မှုတို့သည် လယ်ယာမြေများထိခိုက်စေကာ ရေချိုအရင်းအမြစ်များကိုလည်း ညစ်ညမ်းစေသည်။
ဇီဝမျိုးစုံမျိုးကွဲများနှင့်သစ်တောပြုန်းတီးမှု၊ သန္တာကျောက်တန်းဒေသများ ပျ-က်စီးမှု၊ ဒီရေတောများနှင့် အဏ္ဏဝါသတ္တဝါကျက်စားရာနေရာများ လျော့နည်းလာနေရာ သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုအတွက် ဂေဟစနစ်များသည်စိန်ခေါ်ခံလာနေရသည်။
ပင်လယ်ပြင်ပူနွေးလာမှုကြောင့် ငါးဖမ်းလုပ်ငန်းသက်ရောက်မှုရှိခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက်နှုန်းကျဆင်းလာခြင်း၊ သဘာဝဆွဲဆောင်မှုနည်းပါးသွားသဖြင့် ခရီးသွားလုပ်ငန်းသည် မသေချာမရေရာမှုများနှင့် ရင်ဆိုင်လာနေရသည်။
အဆိုပါ ပြင်းထန်သော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်ကမ္ဘောဒီးယားသည် ပြတ်ပြတ်သားသား လုပ်ဆောင်ရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှုသည် ကမ္ဘောဒီးယားအတွက် အလှမ်းဝေးသော ခြိမ်းခြောက်မှုမဟုတ်တော့ဘဲ တကယ့်လက်တွေ့ဘဝဖြစ်လာသဖြင့်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ လူမှုအသိုက်အဝန်းများနှင့် နိုင်ငံတကာ မိတ်ဖက်များ ပါဝင်သောရှေ့ဆက်ရမည့်လမ်းတွင်စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရန် လိုအပ်လာနေပါသည်။
Ref: khmertimes မှဆောင်းပါးရှင်Paryavarana Prakṛti ၏ဆောင်းပါး