တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များကို ပြေးဆွဲမှုရပ်နားထားရာမှ ဇူလိုင်လ(၂၆)ရက်ကစပြီး ပုံမုန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၃) ရက်က စတင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ကျွန်းစု – မြိတ် ခရီးစဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များက လွဲပြီး ကုန်တင်စက်လှေများ အပျော်စီးစက်လှေများနှင့် ကျန်ကမ်းရိုးတန်းသွား ခရီးသည်တင်အမြန်ရေယာဉ်များအားလုံးကို ထွက်ခွာခွင့်မပြုကြောင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်ကို နေ့စဉ်အမြန်ရေယာဉ် အတက်/အဆင်း (၂) ခေါက် နှင့် ကုန်တင်စက်လှေ အတက်/အဆင်း(၁)ခေါက်ပြေးဆွဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရာသီဥတုကောင်း မွန်လာပြီဖြစ်သည့်အတွက် ဇူလိုင်(၂၆)ရက်မှ စတင်ပြီး ပုံမုန်အတိုင်း ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။
