မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။
၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။
ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို သူတင်ကိုယ်တင် သရေကစားထားသည့် ကစားသမားတစ်ဦးဖြစ်သည်။
မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲမှရရှိသည့် ငွေကြေးများကို ငလျင်ဒဏ်သင့်ဒေသသို့ လှူဒါန်းသွားရန်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအတွင်း ခေါင်တွဲဆိုင်းများအနေဖြင့် ထွန်းမင်းနိုင် နှင့် Veenut (ထိုင်း)၊ ရာမာဉ်နှင့် ဖာမီချိုင်း(ထိုင်း)၊ ကျော်ဇင်လတ် (MFC)နှင့် ထွန်းတောက်မင်း (အဖြူရောင်သွေးသစ်)တို့အပါအဝင် တွဲဆိုင်း(၁၂)ဆိုင်း ပါဝင်ထိုးသ-တ် သွားကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ- ထိုင်းမြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို 𝐛𝐞𝐛𝐞𝐞 𝐓𝐕 အက်ပလီကေးရှင်းမှတဆင့် အချိန်နှင့်တပြေးညီတိုက် ရိုက် (𝐋𝐢𝐯𝐞) ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်း(MFC)က အသိပေးထားသည်။