ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း တည်ဆောက်ရန်အတွက် စီမံကိန်းဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
စက်မှုဇုန်များအကြား ချိတ်ဆက်မှုကောင်းစေရန် ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports များ၊ အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ (Log istic Routes) အဆင်ပြေချောမွေ့လာစေရန်နှင့် နိုင်ငံ၏ စီး ပွားရေးစင်္ကြံလမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ထိုကဲ့သို့ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
စီမံကိန်းကော်မတီကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူးအဖြစ် ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးက ဆောင်ရွက်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် စီမံကိန်း၌ နိုင်ငံတော်၏ ဘတ်ဂျက်သုံးစွဲရမည့်ကိစ္စရပ်များ အပါအဝင် အရေးကြီးသည့် ကိစ္စရပ်များကို ဆုံး ဖြတ်ဆောင်ရွက်ရမည့် အချက်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
