Tuesday, June 30, 2026

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ (ဇွန် ၃၀ ရက်) နေပြည်တော်၌...

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို...

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ (ဇွန် ၃၀ ရက်)...

အလင်းဝင်သူများကို Blacklist မသွင်းထား၊ လက်နက်ကိုင်အဖွဲ့အားလုံးနှင့်...

အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများကို Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့်...

သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုကြောင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးကို...

အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ်...
HomeMoviesရန်ကုန်-မန္တလေး အမှတ်(၉)အဆန်နှင့် အမှတ်(၁၀)...

ရန်ကုန်-မန္တလေး အမှတ်(၉)အဆန်နှင့် အမှတ်(၁၀) အစုန်ရထားတို့ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်မည်

ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ် (၉)အဆန်နှင့် အမှတ်(၁၀)အစုန်ရထားတို့သည် ယနေ့ ဇွန် ၃၀ ရက်မှစတင်၍ လမ်းခရီး၌ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင်ပြောင်းလဲရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရထားစီးခရီးသည်များ၏ လိုအပ်ချက်နှင့် ခရီးသည်လိုက်ပါစီးနင်းမှုတို့အရ ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်ခြင်းဖြစ်ပြီး ယင်း ရထားခရီးစဥ်များကို စပိန်နိုင်ငံထုတ် DEMU အမြန်ရထားဖြင့် ဇွန် ၁ ရက်မှစ တင်ကာပြေးဆွဲပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားများသည် ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာကြီးတို့၌စတင်ထွက်ခွာပြီး လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် သာစည်ဘူတာများတွင်ရပ်တန့်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ (ဇွန် ၃၀ ရက်) နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ အပြည့်အဝကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဒေါက်တာခိုင်ခိုင်စိုးက...

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ (ဇွန် ၃၀ ရက်) နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ ဧရာဝတီမြစ်ဆုံဒေသတွင် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်မည့် နေရာ (၇) နေရာရှိပြီး၊ ယင်းတို့အနက် မြစ်ဆုံနှင့် အနီးဆုံးဖြစ်သည့် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတည်းမှပင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၅,၆၀၀) အထိ...

အလင်းဝင်သူများကို Blacklist မသွင်းထား၊ လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြောကြား

အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများကို Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာ၌ ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ Blacklist စာရင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071