ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄/၇ နှင့် ၂၅/၀ ကြားတွင် ယနေ့ ဇူလိုင် (၃၀) ရက် နံနက် (၈) နာရီကျော်ခန့်က အိမ်စီးကား တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
မီးလောင်မှုအား ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် (၉) နာရီကျော်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည် ။