အဆိုပါ ရထားခရီးစဉ်သစ်တွင် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် ရထားများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ခေတ်မီလေအေးပေးစက်များ ပါဝင်သောကြောင့် ခရီးသည်များအတွက် သက်သောင့်သက်သာရှိလှသည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ရထားထွက်ခွာ/ဆိုက်ရောက်မည့် အချိန်များမှာ
အမှတ် (၅) အဆန် (ရန်ကုန် – မန္တလေး): ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည်။ (ခရီးစဉ်ကြာမြင့်ချိန် – ၁၀ နာရီ)
အမှတ် (၆) အစုန် (မန္တလေး – ရန်ကုန်): မန္တလေးမှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်။ (ခရီးစဉ်ကြာမြင့်ချိန် – ၁၀ နာရီ ၁၀ မိနစ်)
ရပ်နားမည့် ဘူတာများနှင့် လက်မှတ်စျေးနှုန်းများ
ရန်ကုန်နှင့် မန္တလေးကြား ခရီးစဉ်တစ်လျှောက်တွင် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်နှင့် ကျောက်ဆည် ဘူတာတို့၌ ရပ်နားပေးသွားမည် ဖြစ်သည်။
လက်မှတ်စျေးနှုန်းများကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည် –
အထက်တန်း (Upper Class): ၄၈,၀၀၀ ကျပ်
ပထမတန်း (First Class): ၃၄,၀၀၀ ကျပ်
ယခုပြေးဆွဲမည့် DEMU ရထားသစ်များသည် ခေတ်မီနည်းပညာသုံး ရထားများဖြစ်သည့်အတွက် ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်သည့်အပြင် ခရီးသွားပြည်သူများအတွက် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုအသစ်များဖြင့် ကျေနပ်မှုရရှိစေမည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်။
