Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...

IRON CROSS အဖွဲ့၏ ပင်တိုင်...

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ...
HomeNewsLocal Newsရန်ကုန်-မန္တလေးအမြန်လမ်းတွင် လူနာတင်ကားအရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးများတိုက်မိတိမ်းမှောက်...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လူနာတင်ကားအရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးများတိုက်မိတိမ်းမှောက် ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် လူနာ တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးများအားတိုက်မိတိမ်းမှောက်ခဲ့မှု ဖေဖော်ဝါရီ ၄ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယင်းနေ့ည ၆ နာရီ ၅ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းမီး သတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၃၄၀/၀ နှင့် ၃၄၀/၁ ကြားတွင် အမျိုးသား ၃ ဦးနှင့်အမျိုးသ မီး ၃ ဦး လိုက်ပါလာကာ မန္တလေးဘက်မှနေပြည် တော်ဘက်သို့ စေတနာမွန်လူမှုကူညီရေးအသင်းပိုင် Toyota Super Custon(အဖြူရောင်)လူနာ တင်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

လူနာတင်ကားသည် အခင်းဖြစ်နေရာ၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကာရံထားသည့် ဘယ်ရီယာတုံးများအားတိုက်မိ၍ တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား စကားအင်းအမြန်လမ်းမီးသတ်တပ် ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့်စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

လူနာတင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုး သားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား လူနာတင်ကားများဖြင့် တံတားဦးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄% မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျ-က်စီးနေ

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ဂါဇာကမ်းမြှောင်ရှိ ဆေးရုံ ၃၆ ခုအနက် ၁၉ ခုသာ ဆက်လက်လည်ပတ်နေပြီး၊ ကျန်ရှိနေသေးသည့် လူနာများအတွက် အခြေခံစောင့်ရှောက်မှုပေးနေသည့် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ လုံခြုံရေး မတည်ငြိမ်မှုများ နှင့် ‌ေ-သဆုံးဒဏ်ရာရသူများ တိုးပွားလာမှုတို့ကြောင့် ဝန်ထမ်းများသည်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို ထောက်ပံ့မှုများပြုလုပ်သွားမည့် ရွှေမင်းသားဖောင်ဒေးရှင်း

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ငလျင်သင့်ဒေသများအတွင်း အထောက်အကူပြုပစ္စည်းလိုအပ်သော မသန်စွမ်းသူများ အမြန်ဆက်သွယ်ကြရန် နှိုးဆော်ထားသည်။ မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးပေါင်း၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ ပန်းကန်လုံး/ပြား၊ ဇွန်း၊ အိမ်သုံးဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်ပြီးမသန်စွမ်းသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ မသန်စွမ်းအထောက် အကူပြုပစ္စည်းများ၊ Tent များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071