ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တ လေး ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၅ ရက်ည ၁၀ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ရထားခရီးစဥ်(၇)ခု အချိန်ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
လက်နက်ကိုင်အဖွဲ့ဝင်များက ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၀၇/၁၀ နှင့် ၁၀၇/၉ အစုန်ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အစုန်လမ်းရှိ အရှေ့ဘက်သံလမ်း (၂)ပေခန့်နှင့် (၁၀)ပေအကွာတွင် အနောက်ဘက်သံလမ်း(၂)ပေခန့် (၂)နေရာပြတ်တောက်ပြီး ကွန်ကရစ်ဇလီဖား(၁ဝ)တုံးပျက်စီးခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်ပြေးဆွဲနေသည့် အမှတ်(၉၀၂-A)အစုန်ကုန်ရ ထား၊ အမှတ်(၉၀၂-B)အစုန်ကုန်ရထား၊ အမှတ် (၉၂၃-B)အဆန်ကုန်ရထား၊ အမှတ်(၉၁၃)အဆန်ကုန်ရထား၊ အမှတ်(၉၁၄)အစုန်ကုန်ရထား၊ အ မှတ်(၁၁)အဆန်လူစီးရထား၊ အမှတ်(၁)အဆန်စာပို့ရထားတို့သည် ရောက်ရှိရာဘူတာများ၌ ယာယီရပ်တန်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ရထားလမ်းပိုင်းအား ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၉ နာရီတွင်ယာယီပိတ်ပြီး မြန်မာ့မီးရ ထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီခွဲတွင် အစုန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်ပြီး ယာယီရပ်တန့်ခဲ့ရသည့် ရထားခရီးစဥ်များကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲစေနိုင်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု(၁၇၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးမှု(၁၆)ကြိမ်ကျူးလွန်ခဲ့ကြကြောင်း သိရသည်။
