ရန်ကုန် – ပုသိမ် လမ်းမပေါ်၊ လှိုင်သာယာ အဝေးပြေးအကျော်တွင် ယနေ့ ဇန်နဝါရီ (၁) ရက် နံနက်အစောပိုင်း (၄) နာရီ (၂၂) မိနစ်အချိန်၌ ယာဉ်တို-က်မှု တစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသ-တ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ယာဉ်တို-က်မှုဖြစ်စဉ်တွင် ယာဉ်အတွင်း ပိတ်မိသူ (၄) ဦး အနက် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး ထိခိုက်ဒ-ဏ်ရာ (စိုးရိမ်ရ) နှင့် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး (ေ-သဆုံး) တို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိခိုက်ေ-သဆုံးသူများကို ဂရုဏာတွဲလက်လူမှုကူညီရေးအသင်း၊ ပြည်တော်သစ် လူမှုကူညီရေးအသင်းနှင့် မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လှိုင်သာယာ ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့က ဖော်ပြထားသည်။
အလားတူ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင်အနီးတွင်လည်း ယနေ့ ဇန်နဝါရီ (၁) ရက် နံနက် (၅) နာရီ (၅၉) မိနစ်အချိန်တွင် ယာဉ်တို-က်မှုတစ်ခုဖြစ်ပွားရာ အမျိုးသား (၁) ဦး ေ-သဆုံးခဲ့ပြီး ပုလဲအရန်မီးသ-တ်စခန်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
