Monday, February 2, 2026

ပဲခူးမြို့တော်ခန်းမ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ...

ပြည်မြို့နယ်၌ ငလျင်ဒ-ဏ်သင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးကို အသစ်ပြန်လည်ပြုပြင်နေ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၌ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးမှာ ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အသစ်ပြန်လည်ပြုပြင်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဖေဖော်ဝါရီ ၁ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်သည် ပြည်မြို့၊...

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင်...

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း...

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...
HomeNewsLocal Newsရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့်...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။

ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄ မှ ၁၁၃မိုင် ၂ ဖာလုံ ပုသိမ်အထိ ၉၅ မိုင် ၆ ဖာလုံ ရှည်လျားပြီး မိုင်တိုင် ၁၇/၄ မှ မိုင်တိုင် ၅၆/၀ အထိ အပိုင်းအား Oriental Highways Co.,Ltd က BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ဗိုလ်မြတ်ထွန်းတံတားမှ မိုင်တိုင် ၅၆/၀ အထိကို Oriental Highways Co.,Ltd က လမ်းအဆင့်မြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“အဲဒီအပိုင်းမှာဆိုရင် Oriental Highways Co.,Ltd က သူတို့တာဝန်ယူထားတဲ့အပိုင်းမှာ လက်ရှိမှာ လမ်းပြင်ခင်းတဲ့အလုပ်တွေလုပ်နေပါတယ်။ ပြီးတော့ လမ်းချဲ့တာတွေလုပ်နေတယ်။ ဒီဘဏ္ဍာနှစ်ရဲ့အစီအစဉ်အနေနဲ့ကတော့ ဗိုလ်မြတ်ထွန်းတံတားကနေ မိုင်တိုင် ၅၆ ကြားမှာ သူတို့တာဝန်ယူထားတာ ၁၅ မိုင်လောက်ရှိတယ်၊ ၁၅ မိုင်အတွင်းမှာ ၃ မိုင်လောက်တော့ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ဖို့ ဒီနှစ်မှာ သူတို့ plan ရှိထားပါတယ်။ အဲဒီဟာကို အခုလုပ်နေကြပါပြီ။ မတ်လကုန်လောက်ဆိုရင်တော့ အဲ့ဒီအပိုင်းမှာ ကွန်ကရစ်ဖြစ်သွားမယ်ပေါ့” ဟု ဧရာ၀တီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။

မိုင်တိုင် ၅၆ မှ မိုင်တိုင် ၁၁၃/၂ အထိကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ ၅၆/၀ မိုင်မှ ကျောင်းကုန်နှင့်ပန်းတနော်မြို့နယ် နယ်စပ်ဖြစ်သည့် မိုင်တိုင် ၆၃/၀ အတွင်းတွင် ၆ မိုင်ခန့်ကို အကျယ်ပေ ၃၀ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်နေကြောင်းနှင့် လက်ရှိမှာ မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်း လုံးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

“အောက်ခြေအမာခံမြေသားပြုပြင်ဆောင်ရွက်တဲ့လုပ်ငန်းက ၆ မိုင်ဆောင်ရွက်ဖို့ရှိတဲ့နေရာမှာ ၄ မိုင်ခွဲလောက် ဆောင်ရွက်လို့ပြီးသွားပါပြီ။ အပေါ်က ကွန်ကရစ်မတင်ခင်မှာ လမ်းကို ၂၄ ပေလမ်းကို ပေ ၃၀ ဖြစ်အောင် ကွန်ကရစ်နဲ့လမ်းချဲ့တဲ့ဟာကိုတော့ ၆ မိုင်မှာ ၂ မိုင်ခွဲလောက်ဆောင်ရွက်ပြီးသွားပါပြီ။ အဲဒီပြီးတဲ့အခါ အကျယ်ပေ ၃၀ ကွန်ကရစ်ခင်းတဲ့လုပ်ငန်းကို ဖေဖော်ဝါရီလထဲမှာ စတင်ဆောင်ရွက်ဖို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါကလည်း မတ်လကုန်မှာ ပေ ၃၀ အကျယ်ရှိတဲ့ ကွန်ကရစ်လမ်းဖြစ်သွားမှာပါ “”ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။

‘’မိုင်တိုင် ၇၄ နဲ့ မိုင်တိုင် ၁၁၃/၂ ကြားမှာ ကတ္တရာထပ်ပိုးလွှာခင်းမယ်၊ လမ်းချဲ့မယ်အဲ့ဒါတွေလုပ်နေတာရှိတယ်။ ကတ္တရာထပ်ပိုးလွှာခင်းမယ်။ စုစုပေါင်းက ၅ မိုင်ခင်းရမှာ၊ အခု ၄ မိုင်နဲ့ ၃ ဖာလုံဆောင်ရွက်ပြီးသွားပြီ။ မူလက အကျယ် ၁၈ ပေသာရှိသည့် ကတ္တရာလမ်းကို အကျယ် ၂၄ သို့ တိုးချဲ့ခြင်းလုပ်ငန်းကို ၄ ဒသမ ၅ ဖာလုံချဲ့ရမှာ။ ၃ ဖာလုံပြီးသွားပြီ။ အဲဒါက ဒါးကမြို့နှင့် ကန်ကြီးထောင့်ကြား၊ မိုင်တိုင်ဆိုရင် မိုင်တိုင် ၉၃၊ ၉၄ လောက်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ပုသိမ်မြို့ အဝင် မိုင်တိုင် ၁၀၅/၅ မှာ (၃) ဖါလုံ အရှည် ပေ (၃၀) အကျယ် ကွန်ကရစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပြီး လက်ရှိမှာ အမာခံ လမ်းပုခုံး လုပ်ငန်းများဆောင်ရွက်နေပါတယ်”” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပုသိမ်နှင့် ငွေဆောင်အကြား လတ်တလောတွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမရှိသေးသော်လည်း လမ်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့တော်ခန်းမ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ မြို့တော်ခန်းမ၌ ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး ၏ နေ့ထူးနေ့မြတ်များကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။ ထို့ကြောင့် မွန်တိုင်းရင်းသား/သူများအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုသည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့က မွန်တိုင်းရင်းသားရိုးရာအကနည်းပြများအား ဂုဏ်ပြုပန်းခြင်းနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်...

ပြည်မြို့နယ်၌ ငလျင်ဒ-ဏ်သင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးကို အသစ်ပြန်လည်ပြုပြင်နေ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၌ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးမှာ ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အသစ်ပြန်လည်ပြုပြင်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဖေဖော်ဝါရီ ၁ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်သည် ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ မြောက်စောင်းတန်းလမ်းနှင့် ပြည်မြို့တွင်း ရန်ကုန်-ပြည်ကားလမ်းပိုင်းလမ်းချဲ့ခြင်း၊ လမ်းအဆင့်မြင့်တင်ခြင်းနှင့် ပလပ်ဖောင်များပြန်လည်ဆောင်ရွက်နိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် လမ်းများအလိုက် လမ်းဧရိယာများကိုအများပြည်သူသိရှိနိုင်ရေးသတ်မှတ်ထားရန်၊ လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များကြိုတင်ပြောင်းရွေ့ထားရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ကြိုတင်မှာယူမှု များပြား

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ရုံးပိတ်ရက်ရှည်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှ ၁၇ ရက် (တရုတ်နှစ်သစ်ကူး ပိတ်ရက်) အထိ ၆ ရက်တာအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီ ကမ်းခြေတို့၏ အပန်းဖြေခရီးစဉ်တို့အတွက် ဟိုတယ်နှင့်တည်းခိုခန်းများအား ကြိုတင်မှာယူမှုများ ရှိနေခဲ့ခြင်းဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071