Monday, September 7, 2026

မန္တလေးတိုင်းရှိ အာမခံအလုပ်သမား ၁၂၇,၀၀၀ ကျော်ကို...

မန္တလေး၊ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့်...

လှိုင်မြို့နယ်မှ ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား...

ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား Smart Digital မီတာများဖြင့်အစားထိုးလဲလှယ်သွားမည်ဖြစ် ကြောင်း သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှတာဝန်ရှိသူများက လှိုင်မြို့နယ်အတွင်း...

အမျိုးသမီးမောင်းလာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အမျိုးသမီးတည်းမောင်းနှင်လာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့...

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေများ...

တာချီလိတ်၊ စက်တင်ဘာ ၇ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေတားနံရံအချို့ ပြိုကျကာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း...
HomeNewsLocal Newsရန်ကုန် - နေပြည်တော်လမ်းပိုင်းတွင်...

ရန်ကုန် – နေပြည်တော်လမ်းပိုင်းတွင် DEMU ရထားကို ခဲဖြင့်ပေ-ါက်သူအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန် – နေပြည်တော် လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားကို ခဲဖြင့်ပ-စ်ပေ-ါက်ခဲ့သူအား CCTV မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် ညနေပိုင်းက နေပြည်တော်မှ ရန်ကုန်ဘူတာကြီးသို့ ခရီးဆုံးရောက်ရှိပြီး တွဲဆိုင်းသိမ်းဆည်းရန် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းရုံသို့ ထွက်ခွာလာသည့် DEMU ရထားသည် ကြည့်မြင်တိုင်ဘူတာအဝင် ဘုန်းကြီးကျောင်းလမ်းကူးအရောက်တွင် ခဲဖြင့်ပ-စ်ပေ-ါက်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ပ-စ်ပေ-ါက်မှုကြောင့် DEMU (U) 5020 အထက်တန်းတွဲ၏ လေကာမှန် နှစ်လက်မခန့် ပေါက်ထွက်ကြေမွ ပျက်စီးခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ဝိုင်းပတ်ပိတ်ဆို့ ရှာဖွေခဲ့ရာ စက်တင်ဘာ ၆ ရက် နံနက် ၃ နာရီတွင် အလုံမြို့နယ်နှင့် ရှမ်းလမ်းဘူတာအကြား၌ တင်ထွန်း (ခ) ဂနေးစား (၄၁) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး CCTV မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးမှုအရ စမ်းချောင်းမြို့မရဲစခန်းတွင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ (၈၄) ဖြင့် အမှုဖွင့် အရေးယူထားသည်။

ထို့ပြင် စက်တင်ဘာ ၄ ရက်ကလည်း အဆိုပါ DEMU ရထား၏ ပထမတန်းတွဲအား ခဲဖြင့်ပ-စ်ပေ-ါက်ခဲ့သည့် အမှုမှာလည်း ၎င်း၏လက်ချက်ဖြစ်ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

မြန်မာ့မီးရထား၏ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ (၈၄) အရ ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်ပါက ထောင်ဒ-ဏ် အနည်းဆုံး ၅ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်နိုင်သည့်အပြင် ငွေဒ-ဏ်လည်း ကျခံရမည်ဖြစ်ရာ ပြည်သူများအနေဖြင့် အများပြည်သူသုံး ရထားတွဲဆိုင်းများအား ထိခိုက်ပျ-က်စီးအောင် မပြုလုပ်ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကြရန် နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းရှိ အာမခံအလုပ်သမား ၁၂၇,၀၀၀ ကျော်ကို ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မန္တလေး၊ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံရရှိစေရန် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ခြောက်ခု၊ ဌာနကြီးဆေးခန်း ငါးခုနှင့် စာချုပ်ဆေးခန်း ခြောက်ခုတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့အပြင် ရွေ့လျားဆေးကုသယာဉ် (MMU) များဖြင့် စက်ရုံ၊ အလုပ်ရုံများအရောက် ကွင်းဆင်းကာ ဆေးကုသပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ECG နှလုံးစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျထားသည့်...

လှိုင်မြို့နယ်မှ ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား Smart Digital မီတာများဖြင့်အစားထိုးလဲလှယ်မည်

ဓာတ်အားပျေ-ာက်ဆုံးမှုများပြားသည့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား Smart Digital မီတာများဖြင့်အစားထိုးလဲလှယ်သွားမည်ဖြစ် ကြောင်း သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှတာဝန်ရှိသူများက လှိုင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျှော့ချရေးလုပ်ငန်းများကြည့်ရှုစစ် ဆေးစဥ် YESC ဥက္ကဋ္ဌက ဓာတ်အားပျေ-ာက်ဆုံးမှုများ ပြားသည့် ဖီဒါပေါ်ရှိ ခေတ်ဟောင်း(Analog)မီတာများအား Smart Digital မီတာများဖြင့် အစားထိုးလဲလှယ်ရန်၊ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး၊ ဓာတ်အားခကြွေးကျန်ကျဆင်းရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။          လှိုင်မြို့နယ်အတွင်း သြဂုတ်လအတွက် မီတာဖတ်ရှုထားမှု၊ လျှပ်စစ်ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှုလျှော့ချရေးဆောင်ရွက်ထားမှု၊ ဓာတ်အားဖြန့်ဖြူးထားမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၆၆/၃၃/၁၁-၆.၆ ကေဗွီ RIR ဓာတ်အားခွဲရုံတွင်...

အမျိုးသမီးမောင်းလာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အမျိုးသမီးတည်းမောင်းနှင်လာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသမီးတစ်ဦးတည်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၃၀/၆ နှင့် ၃၀/၅ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်း ချောက်ထဲသို့ရောက်ရှိတိမ်း​မှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ကားမောင်းသူအမျိုးသမီးတွင် ထိခိုက်ဒ-ဏ်ရာရမှုမရှိသော်လည်း အိမ်စီးကားမှာပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071