Monday, February 2, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲ

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲအား ဖေဖော်ဝါရီ ၁ ရက်(တပေါင်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ လာရောက်ပူဇော်သူများဖြင့် စည်ကားများပြားလျက်ရှိသည့် မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။ Photo-ပြည်ရွှေဆံတော်ဂေါပကအဖွဲ့
HomeEducationရန်ကုန် နည်းပညာ တက္ကသိုလ်...

ရန်ကုန် နည်းပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်(၁၆)ခုမှ ဒုတိယ ပါမောက္ခချုပ်များ ရာထူးမှ ထုတ်ပယ်ခံရ

ရန်ကုန်၊ဇွန်(၂)

CDM ဆောင်ရွက်ခဲ့ကြသည့် ရန်ကုန် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေ အပါအဝင် တက္ကသိုလ်(၁၆)ခုမှ ဒုတိယပါမောက္ခချုပ် (၁၇)ဦးကို န.စ.က ပညာရေးဝန်ကြီးဌာနက ယခုရက်ထဲအမိန့်စာထုတ်ပြန်ကာ ရာထူးမှထုတ်ပယ်လိုက်သည်ဟု သိရသည်။

ရာထူးမှ ထုတ်ပယ် ခံလိုက်ရသည့် တက္ကသိုလ်(၁၆)ခုမှ ဒုတိယပါမောက္ခချုပ် (၁၇)ဦးတို့မှာ လားရှိးတက္ကသိုလ်မှ ဒုပါချုပ်ဒေါက်တာ လှလှတင်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဒုပါချုပ် ဒေါက်တာနွယ်နွယ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ် ဒုပါချုပ်ဒေါက်တာစိုးယုမော်၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဒုပါချုပ်ဒေါက်တာရန်အောင်ဦး၊ မန္တလေးနည်းပညာတက္ကသိုလ် ဒုပါချုပ်ဒေါက်တာမျိုးမြင့်၊ ရတနာပုံ တက္ကသိုလ် ဒုပါချုပ်ဒေါက်တာစီစီခင် ၊ကျောက်ဆည်တက္ကသိုလ် ဒုပါချုပ်ဒေါက်တာစုစုဝင်း၊ လေကြောင်း နှင့် အာကာသ ပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များဖြစ်သည့် ဒေါက်တာကျော်မိုးခိုင်၊ ဒေါက်တာနှင်းဆီ၊ရတနာပုံဆိုင်ဘာစီးတီး ဒုပါချုပ်ဒေါက်တာရီနူး၊ သတင်း အချက် အလက်နှင့် နည်းပညာတက္ကသိုလ် ဒုပါချုပ် အိချောထွန်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် ဒုပါချုပ်ဒေါက်တာသိင်္ဂီရွှေ ၊ပြည်နည်းပညာ  တက္ကသိုလ် ဒုပါချုပ်ဒေါက်တာကျော်မျိုးလင်း၊ နည်းပညာတက္ကသိုလ် (ထားဝယ်) ဒုပါချုပ်ဒေါက်တာကျော်ကျော်လင်း၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ဒုပါချုပ် ဒေါက်တာခင်အေးသန်း၊ ဟင်္သာတတက္ကသိုလ် ဒုပါချုပ်ဒေါက်တာမာလာ၊ မန္တလေး နည်းပညာ တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်ဒေါက်တာအိအိထွေးတိုဖြစ်သည်ဟုသိရသည်။

န.စ.က ပညာရေးဝန်ကြီးဌာနက အရာထမ်း(၁၇)ဦးအား ရာထူးမှ ထုတ်ပယ်လိုက်သည့် အပြင် ဝန်ထမ်း(၂)လစာချေးငွေ အမြန်ဆုံး ပြန် လည်ပေးသွင်းရန်နှင့် မပေးသွင်းပါက တရားစွဲဆို သွားမည်ဟုလည်း သတိပေးထားသည်။ ယင်းအပြင် ပြစ်ဒဏ်နှင့် ပတ်သက်၍ကျေနပ်မှု မရှိလျှင် (၆)လ အတွင်း အယူခံ တင်သွင်းနိုင်ကြောင်းလည်း န.စ.က ပညာရေးဝန်ကြီးဌာနက ၎င်းတို့အားအကြောင်းကြောင်းထားသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071