ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်း၌ လာမည့် (၈)နာရီအတွင်း မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က အသိပေးထားသည်။
အဆိုပါ အသိပေးချက်ကို ယနေ့ မေ(၁၂)ရက် မွန်းလွဲပိုင်း(၃) နာရီအချိန်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ မအူပင်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ညောင်လေးပင်၊ ကျိုက်ထို၊ ဖာပွန်၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ မင်းဘူး၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ မယ်စဲ့တို့တွင် မိုးထစ်ချုန်းရွာသွန်းမည်ဟု ဆိုသည်။
ထို့ပြင် လောက်ကိုင်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းလား၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ ပူတာအို၊ တနိုင်း၊ မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ စစ်ကိုင်း၊ ရေဦး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ သပိတ်ကျင်း၊ ကျောက်မဲ၊ တောင်ကြီး၊ ကလော၊ နမ့်စန်၊ လင်းခေး၊ မိုင်းရှူးနှင့် လားရှိုးခရိုင်တို့တွင်လည်း ရွာသွန်းသွားမည်ဟု ဆိုသည်။
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် (Low Pressure Cell) သည် မြောက်-အနောက် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ကာ၊ ယင်းအခြေအနေကြောင့် လာမည့် (၃၆) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိကာအားကောင်းလာနိုင်သည်ဟုလည်း ဆိုသည်။
ထို့ပြင် နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုး/ဇလက အသိပေးထားသည်။