Wednesday, August 13, 2025

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP)...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ...

ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းဖြင့်ယှဉ်ပြိုင်ရမည်

ယနေ့ ဩဂုတ် ၁၃ ရက် ည ၇ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Women's Championshipအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာ-ဖိလစ်ပိုင်အသင်းတို့...
HomeNewsLocal Newsရန်ကုန်ရွှေအသင်းရည်ညွှန်းဈေး တစ်ကျပ်သား (၅၅)...

ရန်ကုန်ရွှေအသင်းရည်ညွှန်းဈေး တစ်ကျပ်သား (၅၅) သိန်းကျော်လာ

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ရန်ကုန်ရွှေအသင်းရည် ညွှန်းဈေးသည် တစ်ကျပ်သား ၅၅ သိန်းကျော်အထိမြင့်တက်လာကြောင်း အသင်းမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်လျက်ရှိပြီး ယနေ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၂၇၀၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ သတ်မှတ်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပြီး ပြင်ပရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ၆၃၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

သို့သော်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အရောင်းပိုများနေကြောင်း ရွှေအရောင်းဆိုင်များ၏ ပြောပြချက်အရ သိရသည်။

” အဝယ်ကတော့ ရှိတယ်။ ဒါပေမဲ့နည်းတယ်။ အရောင်းကပိုများတယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်း ရွှေအရောင်းအဝယ်ကောင်းမယ်လို့ မှန်းထားတယ်။ အခုတော့ နည်းနည်းလေးအေးနေတယ်” ဟု ရွှေရောင်းချသူတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ရည်ညွှန်းဈေးကို နိုင်ငံတကာ ရွှေဈေးအား ဗဟိုဘဏ်၏ ‌‌ဒေါ်လာသတ်မှတ်ဈေးဖြင့် တွက်ချက်ပြီး သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းသည် တစ်ဒေါ် လာကို ၄၃၅၀-၄၄၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ဌက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေဗီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ကို ဆင်စာဘူဖေးအဖြစ်ကျွေးမွေးခဲ့ကြသည်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များကိုလည်း ဆင်စာဘူဖေးကျွေးမွေးခြင်းအပြင် ပလင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဆင်များအကြောင်း၊ အာဖရိဆင်နှင့် အာရှဆင်များ၏ မတူကွဲပြားမှုအမူအကျင့်များ၊ မြန်မာ့ဆင်များထိန်းသိမိးထားရှိမှုတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များကိုကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ သြဂုတ်...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုကိုအထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊  စံချိန်/ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားခဲ့သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP) ဌာနေကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးတို့ ယနေ့ ဩဂုတ် (၁၃)ရက်နေ့တွင်တွေ့ဆုံခဲ့သည်။ အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စရပ်များ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ သဘာဝဘေး၊ပြန်လည်ထူထောင်ရေးကိစ္စရပ်များ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)က တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071