ချန်ပီယံ ဂုဏ်သိက္ခာနှင့်အညီ ခြေစွမ်းပြနေသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယူ -၂၂ လက်ရွေစင်အသင်းတို့ ခြေစမ်းပွဲ ကစားခဲ့ရာ သရေရလဒ်ထွက် ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၆) ရက် ၊ နံနက်ပိုင်းအချိန်၌ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁)တွင်ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် တစ်ဖက် (၂) ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစမ်းပွဲ (၄) ပွဲယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ရာ မြဝတီအသင်းကို (၅)ဂိုး (၁) ဂိုး၊ Glory Goal အသင်းကို (၄)ဂိုး (၀) ဂိုး၊ ISPE အသင်းကို (၄) ဂိုး (၁) ဂိုးနှင့် အနိုင်ခြေစွမ်းပြခဲ့သည်။
ယမန်နေ့ကလည်း MNL Youth League ဒုတိယအကျော့ပထမဆုံးပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ ယူ -၂၁ အသင်းသည် ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းကို ဟက်ထရစ်ဂိုး အပါအဝင် (၇)ဂိုးပြန်ဖြင့် ခြေစွမ်းပြ အနိုင်ယူခဲ့သေးသည်။
