Sunday, May 3, 2026

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...
HomeNewsLocal Newsရန်ကုန်မြို့ MCC ခန်းမ၌...

ရန်ကုန်မြို့ MCC ခန်းမ၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကျင်းပ

ယနေ့ ကျရောက်သည့် (၇၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့(ဗဟို)အခမ်းအနားအား ဖေဖော်ဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားအား သဘာပတိဆရာတော် ဘဒ္ဒန္တသီလဝံသမှ သြဝါဒစကားပြောကြားပြီးနောက် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရေး(ဗဟို)သဘာပတိ နိုင်မင်းသောင်းရှင်နှင့် ဥက္ကဋ္ဌနိုင်မင်းအောင်ထူးတို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကဖတ်ကြားခဲ့သည်။

“ဒီနေ့ကျင်းပတဲ့ မွန်အမျိုးသားနေ့အခမ်းအနားဟာ မွန်လူမျိုးအချင်းချင်းစည်းလုံးညီညွတ်မှုနဲ့အတူ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ စည်းလုံးညီညွတ်မှုအတွက်လည်းဦးတည်ပါတယ် မြန်မာ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ခိုင်မာတဲ့ ကတိသစ္စာ၊ပြည်ထောင်စုသားတွေရဲ့ စည်းလုံးညီညွတ်မှု၊နိုင်ငံသားတွေရဲ့ အသက်၊သွေး၊ချွေး၊ပေးဆပ်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံတော်ဖြစ်ပါတယ်”ဟု သဘာပတိနိုင်မင်းသောင်းရှင်ကပြောကြားခဲ့သည်။

နိုင်ငံသားတစ်ဦးချင်းစီတိုင်းလိုလားတောင့်တသည့် ငြိမ်းချမ်းသာယာပြီးလူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်သော လူမှုအသိုက်အဝန်းတစ်ခု ဖန်တီးတည်ဆောက်သွားနိုင်ရန် တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းကြိုးစားသွားရန်လိုအပ်သည်ဟု (၇၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့အခမ်းအနားကျင်းပရေး(ဗဟို)ဥက္ကဋ္ဌနိုင်မင်းအောင်ထူး ကပြောကြားခဲ့သည်။

(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အား ဗုဒ္ဓဘာ သာကိုးကွယ်မှုတွင် ပူဇော်ခြင်းဆိုင်ရာဖန်တီးမှုအ နုပညာတစ်ခုဖြစ်သော အုတ်ခွက်ဘုရားများဖြင့် ပြုလုပ်ပူဇော်ခြင်းအား မွန်လူမျိုးတို့ ရှေးပဝေသ ဏီကပင်ပြုလုပ်ခဲ့သည့် သမိုင်းအစဉ်အလာမြင့်မားမှုကိုဖော်ညွှန်းလိုခြင်း၊ မွန်လူမျိုးများကိုယ် တိုင် မိမိတို့၏ယဉ်ကျေးမှု၊အမွေအနှစ်များအား သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းသွားရေး၊ ညီ နောင်တိုင်းရင်းသားများအနေဖြင့် မွန်လူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာကို နားလည်သိရှိခြင်းဖြင့် အပြန်အလှန်လေးစားမှုဖြစ်လာစေရေး ရည် ရွယ်ချက်ဖြင့် အထိမ်းအမှတ်မြေစိုက်ပိုစတာအား ဗိုလ်တထောင်ဘုရားတွင် မွန်အုတ်ခွက်ဘုရားပုံများဖြင့် စိုက်ထူဖော်ပြပုံဖော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071