Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsရန်ကုန်မြို့ MCC ခန်းမ၌...

ရန်ကုန်မြို့ MCC ခန်းမ၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကျင်းပ

ယနေ့ ကျရောက်သည့် (၇၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့(ဗဟို)အခမ်းအနားအား ဖေဖော်ဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားအား သဘာပတိဆရာတော် ဘဒ္ဒန္တသီလဝံသမှ သြဝါဒစကားပြောကြားပြီးနောက် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရေး(ဗဟို)သဘာပတိ နိုင်မင်းသောင်းရှင်နှင့် ဥက္ကဋ္ဌနိုင်မင်းအောင်ထူးတို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကဖတ်ကြားခဲ့သည်။

“ဒီနေ့ကျင်းပတဲ့ မွန်အမျိုးသားနေ့အခမ်းအနားဟာ မွန်လူမျိုးအချင်းချင်းစည်းလုံးညီညွတ်မှုနဲ့အတူ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ စည်းလုံးညီညွတ်မှုအတွက်လည်းဦးတည်ပါတယ် မြန်မာ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ခိုင်မာတဲ့ ကတိသစ္စာ၊ပြည်ထောင်စုသားတွေရဲ့ စည်းလုံးညီညွတ်မှု၊နိုင်ငံသားတွေရဲ့ အသက်၊သွေး၊ချွေး၊ပေးဆပ်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံတော်ဖြစ်ပါတယ်”ဟု သဘာပတိနိုင်မင်းသောင်းရှင်ကပြောကြားခဲ့သည်။

နိုင်ငံသားတစ်ဦးချင်းစီတိုင်းလိုလားတောင့်တသည့် ငြိမ်းချမ်းသာယာပြီးလူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်သော လူမှုအသိုက်အဝန်းတစ်ခု ဖန်တီးတည်ဆောက်သွားနိုင်ရန် တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းကြိုးစားသွားရန်လိုအပ်သည်ဟု (၇၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့အခမ်းအနားကျင်းပရေး(ဗဟို)ဥက္ကဋ္ဌနိုင်မင်းအောင်ထူး ကပြောကြားခဲ့သည်။

(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အား ဗုဒ္ဓဘာ သာကိုးကွယ်မှုတွင် ပူဇော်ခြင်းဆိုင်ရာဖန်တီးမှုအ နုပညာတစ်ခုဖြစ်သော အုတ်ခွက်ဘုရားများဖြင့် ပြုလုပ်ပူဇော်ခြင်းအား မွန်လူမျိုးတို့ ရှေးပဝေသ ဏီကပင်ပြုလုပ်ခဲ့သည့် သမိုင်းအစဉ်အလာမြင့်မားမှုကိုဖော်ညွှန်းလိုခြင်း၊ မွန်လူမျိုးများကိုယ် တိုင် မိမိတို့၏ယဉ်ကျေးမှု၊အမွေအနှစ်များအား သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းသွားရေး၊ ညီ နောင်တိုင်းရင်းသားများအနေဖြင့် မွန်လူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာကို နားလည်သိရှိခြင်းဖြင့် အပြန်အလှန်လေးစားမှုဖြစ်လာစေရေး ရည် ရွယ်ချက်ဖြင့် အထိမ်းအမှတ်မြေစိုက်ပိုစတာအား ဗိုလ်တထောင်ဘုရားတွင် မွန်အုတ်ခွက်ဘုရားပုံများဖြင့် စိုက်ထူဖော်ပြပုံဖော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071