ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်တွင် IMS- Silver Sea မှစီစဉ်ကျင်းပသည့် မြန်မာ့ဆောက်လုပ်ရေး၊အိမ်ရာနှင့်ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာပြပွဲအား သြဂုတ် ၁၈ ရက်နံနက် ၁၀ နာရီက ဖွင့်လှစ်ပြသခဲ့သည်။
ပြပွဲ၏ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြပွဲပြသရသည့်အကြောင်းရင်းအား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးအောင်မြင့်နှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။
ပြပွဲအား သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ ဂျပန်၊ကိုရီးယား၊ဗီယက်နမ်၊ထိုင်ဝမ်၊ထိုင်း၊အိန္ဒိယ၊တရုတ်နိုင်ငံတို့မှထုတ်လုပ်သည့် ပစ္စည်များ၊ဆောက်လုပ်ရေးဆိုင်ရာစက်ပစ္စည်းနည်းပညာနှင့်ဆောက်လုပ်ရေးဆိုင်ရာဝန်ဆောင်မှုများ၊အိမ်ယာနှင့်ကွန်ဒိုအရောင်းပြခန်းများ၊ဆိုလာနှင့်လျှပ်စစ်ကား (EV)ပြခန်းများကို ကုမ္ပဏီပေါင်း(၉၀)ခုမှ ပြခန်းပေါင်း(၂၀၀)ဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည်။
ထို့ပြင် ပြပွဲကာလအတွင်း၌ ကားအင်ဂျင်နီယာဆိုင်ရာစာတမ်းများ၊နောက်ဆုံးပေါ် လျှပ်စစ်(EV) ကားအကြောင်းနှင့်ဆောက်လုပ်ရေးဆိုင်ရာဟောပြောပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Phoro-Ko Aung Myint