ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၃၂) လမ်း (အထက်)၊ ဆူးလေရှန်ဂရီလာဟိုတယ် အနောက်ဘက်ရှိ 32 Beauty Land Hotel လူသ-တ်မှုမှ တရားခံကို ဖမ်းမိပြီဖြစ် ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
အောက်တိုဘာ (၆) ရက် ၊ နံနက်းအစောပိုင်းတွင် 32 Beauty Land Hotel အနောက်လမ်းကြားရှိ လေအေးပေးစက်အပြင်ယူနစ်တင်သည့်စင်ပေါ်တွင် ခု-တ်ဖြ-တ်ထားသည့် အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ တရားခံဖမ်းဆီးရမိရေးကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
” လူသတ်တရားခံကို မိတာသေချာပါတယ်။ သာကေတ (၇) ဈေးနားက သူ့အိမ်မှာ ဖမ်းမိတာပါ” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
32 Beauty Land Hotel ရှိ အခန်နံပါတ် (၅၀၂) တွင် အမျိုး သမီးတစ်ဦးသည် ဓားဖြင့်အပိုင်းပိုင်းခုတ်ဖြတ်ခံရပြီး အလောင်းကို အမှိုက်အိတ်အပြာရောင်ကဲ့သို့အိတ်ဖြင့်ထုတ်ကာ အခန်းအပြင်ဘက်ရှိ လေအေးပေးစက်ယူနစ်တင်သည့်စင်ပေါ်တွင် တင်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူသ-တ်တရားခံကို (၂)ရက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
လတ်တလော တွင် တက္ကစီသမားတစ်ဦးအားသတ်ပြီး ကားယူသွားသည့်ဖြစ်စဥ်လည်း ဖြစ်ပွားထားသဖြင့် တရားဥပဒေစိုးမိုးရေး နှင့် လူအချို့၏ စိတိပိုငိးဆိုင်ရာ အခြေအနေများက သတိထားစရာ ဖြစ်၍နေသည်။
