Thursday, September 3, 2026

အမြန်လမ်းတွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေ၍ပြုပြင်လျက်ရှိ ယာဥ်မောင်းများဂရုစိုက်မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေ၍ပြုပြင်လျက်ရှိရာ ယာဥ်မောင်းများအနေဖြင့်ဂရုစိုက်မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကသတိပေးထားကြောင်း သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၁၁/၃ နှင့် ၃၁၁/၄ ကြား(​နေပြည်​တော်မှမန္တ​လေးသို့)(အသွားလမ်း)ဘယ်ဘက်ယာဥ်​ကြောတွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေသဖြင့် ပြုပြင်မှုများပြုလုပ်လျက်ရှိ၍ ယနေ့...

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု...

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ကျင်းပသည့် (၁၁)ကြိမ်မြောက်...

ဆန်စပါးကဏ္ဍ စက်သုံးဆီလိုအပ်ချက် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး...

ရန်ကုန်၊ စက်တင်ဘာ ၃မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement...

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက...

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ...
HomeNewsLocal Newsရန်ကုန်မြို့တွင် မန်ယူဂန္ထဝင် ကစားသမားများဖြစ်သည့်...

ရန်ကုန်မြို့တွင် မန်ယူဂန္ထဝင် ကစားသမားများဖြစ်သည့် ဂစ်၊ အီဗရာ၊ ဘာဘာတော့ဗ်၊ အန်ဒါဆန်တို့နှင့် ပရိတ်သတ်များ တွေ့ဆုံပွဲ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၃

မန်ချက်စတာ ယူနိုက်တက် အသင်း၏ အောင်မြင်ကျော်ကြားခဲ့သော ဂန္ထဝင် ကစားသမားများ ဖြစ်ကြသည့် ရွိုင်ယန်ဂစ် (Ryan Giggs)၊ ပတ်ထရစ်အီဗရာ (Patrice Evra)၊ ဒီမီတာဘာဘာတော့ဗ် (Dimitar Berbatov) နှင့် အန်ဒါဆန် (Anderson) တို့သည် လာမည့် အောက်တိုဘာလကုန်တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ပရိတ်သတ်များနှင့် တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို The Garden Agency မှ “Legendary Players in Yangon” အမည်ဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်လည်း ဖြစ်သည်။

ပွဲပထမရက်နှင့် ဒုတိယရက် (အောက်တိုဘာ ၃၀ နှင့် ၃၁ ရက်) တို့ကို ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပမည်ဖြစ်ပြီး Welcome Day အဖြစ် သီးသန့်ညစာစားပွဲ၊ အတွေ့အကြုံမျှဝေပွဲများ၊ LIVE Podcast အစီအစဉ်များနှင့် မီဒီယာတွေ့ဆုံပွဲများ ပါဝင်မည်ဖြစ်သည်။

အဆုံးသတ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင်မူ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Centre (YCC) ၌ ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည့် Public Meet & Greet အစီအစဉ်၊ အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲများနှင့် Festival Activities များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နာမည်ကြီး တေးသံရှင်များဖြစ်ကြသည့် ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ လုဖရင်း၊ ထွန်းထွန်း (Examplez)၊ ဝိုင်းစုခိုင်သိန်း နှင့် ရဲလေး တို့က ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကြမည်ဖြစ်ပြီး လက်မှတ်ရောင်းချမည့် အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေ၍ပြုပြင်လျက်ရှိ ယာဥ်မောင်းများဂရုစိုက်မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေ၍ပြုပြင်လျက်ရှိရာ ယာဥ်မောင်းများအနေဖြင့်ဂရုစိုက်မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကသတိပေးထားကြောင်း သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၁၁/၃ နှင့် ၃၁၁/၄ ကြား(​နေပြည်​တော်မှမန္တ​လေးသို့)(အသွားလမ်း)ဘယ်ဘက်ယာဥ်​ကြောတွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေသဖြင့် ပြုပြင်မှုများပြုလုပ်လျက်ရှိ၍ ယနေ့ စကါတင်ဘာ ၃ ရက်နံနက်ပိုင်းမှစကာ အတွင်းဘက်လမ်းအား (၅၀၀ )ပေခန့်ယာယီပိတ်ထားရကြောင်း သိရသည်။ လမ်းသားနိမ့်ကျနေခြင်းအား ကွန်ကရစ်လမ်းသားအ သစ်ခင်းမည်ဖြစ်၍ နေပြည်​တော်မှမန္တ​လေး(အသွားလမ်း)အသုံးပြု​သောယာဥ်များအနေဖြင့် မိုင်တိုင်အ မှတ် ၃၁၁/၃ သို့ချဥ်းကပ်စဥ် ညာယာဘက်ယာဥ်​ကြောအတိုင်းဂရုပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကသတိပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု ဒုတိယသမ္မတ ဦးညိုစော ပြော

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း၊ နိုင်ငံတကာမိတ်ဖက်တွေအားလုံးနဲ့ ပိုမိုချိတ်ဆက်ပြီး ခိုင်မာဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ရပ်တည်ဆောက်နိုင်ဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိပါတယ်"ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောသည်။ ထို့ပြင် Digital Transformation Artificial Intelligence Innovation & Modern Infrastructure တို့သည် စီးပွားရေးလုပ်ငန်းများအတွက်အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနှင့် လူမှု စီးပွားဘဝတိုးတက်ကောင်းမွန်စေရန်အရေးပါသည်ဟု ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊...

ဆန်စပါးကဏ္ဍ စက်သုံးဆီလိုအပ်ချက် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co., Ltd တို့ MoA လက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၃မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဆန်ပြည်ပတင်ပို့မှု မြှင့်တင်ရေး၊ အသင်းချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071