Wednesday, August 20, 2025

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့...

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊...

မွန်ပြည်နယ်မှာ ရုံးချုပ်တည်ရှိသည် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အသုံးပြုမည့်ပါတီအလံ...

မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း...
HomeNewsLocal Newsရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် ခရီးသည်တင် YBS...

ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများပေါ်၌ အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၄)ဦးကို သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ

ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများပေါ်၌ အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၄)ဦးကို အောက်တိုဘာ ၄ ရက်က သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် YBS ကားများပေါ်၌ အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူများရှိနေကြောင်း သတင်းအရ ၎င်းတို့အားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန်းထွန်းအောင်(ခ)ကရင်၊ စန်းမောင်၊ စိုးတင့်(ခ)တရုတ်နှင့် ချစ်မင်းထွေး(ခ)ကုလားလေးတို့အား အောက်တိုဘာ ၄ ရက်က ဖမ်းဆီးစစ်ဆေးရာမှ ခါးပိုက်နှိုက်မှုများအား ၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့်ဖုန်းများနှင့် Tablet တစ်လုံးတို့ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်နေ ပြည့်ဖြိုးသူ(ခ)ဖိုးခွားထံတွင် ငွေကျပ်(၂၇၇၈၀၀၀)ဖြင့်ရောင်းချထားကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထိုသို့ ဖော်ထုတ်သိရှိခဲ့ရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များကသွားရောက်ရှာဖွေရာ ခါးပိုက်နှိုက်မှုကျူးလွန်ရာမှရရှိထားသည့် TAB 8 Pro အမျိုးအစား Tablet တစ်လုံးနှင့် ဖုန်းမျိုးစုံ(၂၂)လုံးတို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ခါးပိုက်နှိုက်မှုကျူးလွန်၍ ဖမ်းဆီးရမိခဲ့သူ(၄)ဦးအား ဥပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းအသီးသီးက အမှုများဖွင့်လှစ်ကာ တရားစွဲဆိုတင်ပို့နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင် စတင်ကျင်းပမည်

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ကိစ္စများ ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများ နှင့် ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးဆိုင်ရာများ၊ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအခမဲ့ကုသပေးမည်

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ မျက်စိအထူးကုဆရာဝန်များက (၅) ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် (၅၀၀) ခန့်အား ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀,၀၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071