ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အထူးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။
ရက်သတ္တပတ်ကျော်ကြာမြင့်သည့် ထိုစီမံချက်အတွင်း ပိုးလောက်လမ်း နှိမ်နင်းခြင်း၊ အဘိတ်ဆေး ခတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းတို့ကို ရန်ကုန် ၄၄ မြို့နယ်လုံး၌ တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။
စီမံချက်ကို ယမန်နေ့ (ဇူလိုင် ၂၁ ရက်) ကစတင်ခဲ့ပြီ ဖြစ်ကာ ၃၀ ရက်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်လည်း ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု များလာကြောင်းလည်း သိရသည်။
ထို့ကြောင့် မြို့နယ်ကျန်းမာရေးဌာနကတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့ အစည်းများ ပူးပေါင်းကာ အဘိတ်ဆေး ခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။
မှတ်တမ်းများအရ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ေ-သဆုံးသူသည် ယခုလအထိ ၁၂ ဦးရှိနေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြည်တွင်း မီဒီယာတခုကို ဖြေကြားထားသည်။
