Sunday, May 10, 2026

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊...

အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ...

အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ "အခုချိန်ကစပြီး...
HomeNewsLocal Newsရန်ကုန်တွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး...

ရန်ကုန်တွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဆွေးနွေး

နေ့စဉ် သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၃၇ သန်းကို ဖြန့်ဖြူးပေးဝေနေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေဖြန့်ဖြူးပေးဝေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ က ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေစုကန်များအတွင်း ရေအမြဲဖြည့်တင်းထားရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်၍ လိုအပ်ချက်များ သိရှိအောင် ဆောင်ရွက်ရေး၊ လျှပ်စစ်မီးရရှိချိန်တွင် ရေတွန်းစက်ကြီးများနှင့် မြို့နယ်အတွင်းရှိ ထပ်ဆင့်ရေတွန်းစက်များ ဂရုတစိုက်မောင်းနှင်ရေး၊ မြို့နယ်များအတွင်း ရေပေးဝေထားရှိမှု အခြေအနေနှင့် ရေပြတ်လပ်မှုမရှိစေရန်အတွက် ရေစက်မောင်းတာဝန်ခံများ၏ ရေတွန်းစက်များ မောင်းနှင်မှုအား လျှပ်စစ်မီးရရှိမှု အချိန်ဇယားနှင့်ကိုက်ညှိ၍ အထူးဂရုတစိုက်ဆောင်ရွက်ရန် မြို့တော်ဝန် ဦးဗိုလ်ဌေး က ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၃၇ သန်းကို ဖြန့်ဖြူးပေးဝေနေကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေအရင်းအမြစ်များဖြစ်သော ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်ရေလှောင်ကန်၊ လဂွန်းပြင် ရေသန့်စင်စက်ရုံတို့မှတစ်ဆင့် ရေတွန်းစက်ကြီးများ၊ ထပ်ဆင့်ရေတွန်းစက်များ အသုံးပြု၍ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းသို့ ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်များဖြင့် ဖြန့်ဝေပေးနေမှု၊ ရေအရင်းအမြစ်များရှိ ရေတွန်းစက်ကြီးများသည် ရေပေးဝေရေးစနစ်တွင် အဓိကကျ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး ပြန်လည်ရရှိချိန်တွင် ရေတွန်းစက်ကြီးများအား SOP အတိုင်း ချက်ချင်းပြန်လည်မောင်းနှင်နိုင်ရန် ဆောင်ရွက်ထားမှု၊ ရေတွန်းစက်ကြီးများ ပြန်လည်မောင်းနှင်ရာတွင် မြို့တွင်းသို့ ရေအမြန်ပြန်လည်ရောက်ရှိရန်အတွက် ရေပို့ပိုက်လိုင်းအတွင်း လေခိုမှုများအား မီးသတ်ငုတ်များ၊ Washout များ ဖွင့်ထုတ်၍ လေထုတ်ပေးခြင်းများကို မြို့နယ်တာဝန်ခံများက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေ ကြောင်းလည်း အင်ဂျင်နီယာဌာန ရေနှင့် သန့်ရှင်းမှု ဌာနမှူး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမြင့်ဇော်သန်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရေအခက်အခဲဖြစ်ပေါ်သည့် နေရာများသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဌာနရှိ ရေကားများဖြင့် လိုက်လံပေးဝေဆောင်ရွက်ခြင်း၊ ရေပေးဝေရေးစခန်းများရှိ ရေစုကန်များတွင် ရေတိုင်များထားရှိ၍ ရေကားများ အလွယ်တကူရေရယူနိုင်ရန်ဆောင်ရွက်ထားရှိခြင်း၊ ၊ ရေအားဖြည့် အဝီစိတွင်းများကိုလည်း ရပ်ကွက်မီးလာချိန် အချိန်ဇယားများနှင့်ကိုက်ညှိ၍ မောင်းနှင်ပေးနေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တို-က်ခိုက်မှုအပြီး ရို-က်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျ-က်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလေ-ာင်ကျွမ်းနေသော အပျ-က်အစီးများနှင့် ပျ-က်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည် မီးတောင်ဝပတ်လည်တွင် အလေ-ာင်းများကို တွေ့ရှိခဲ့ပြီး သယ်ဆောင်မှုများ ကို လုပ်ဆောင်နေကြောင်း အေဂျင်စီ၏ အကြီးအကဲ အီဝမ် ရမ်ဒါနီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။       "မီးတောင်ပေါက်ကွဲမှု တွေကဆက်ဖြစ်နေတာနဲ့ ရာသီဥတုဆိုးဝါးတာကြောင့် အလောင်းတွေကို ရွှေ့ပြောင်းတာမှာ အဟန့်အတားဖြစ်နေဆဲပါပဲ" ဟု အီဝမ်က ပြောကြားခဲ့ပြီး ထိုဒေသတွင် မိုးရွာသွန်းလျက်ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။      အသက်ရှင်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းကို အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ချိန်တွင်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင်ရေဆင်းကူးသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာ ဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ရေနစ်သူ(၃)ဦးအား နေ့လည် ၁ နာရီ ၂၀ မိ နစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့၍ ရွှေညောင်ပင်နာရေးကူညီမှုအသင်းက လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071