Monday, June 9, 2025

ဆန္ဒပြမှုများ ပြင်းထန်လာသည်နှင့်အမျှ လော့စ်အိန်ဂျယ်လိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့များ...

တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ဆန္ဒပြသူများသည် ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်မ်က အမေရိကန်ပြည်ထောင်စု၏ ဒုတိယအကြီးဆုံးမြို့၏ လမ်းမများသို့ စေလွှတ်ခဲ့သော...

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁)...

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ–ထရမ့်ပ်

အမေရိကန်သမ္မတထရမ့်ပ်က ဘီလျံနာသူဌေးအီလွန်မတ်စ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ အပြန်အလှန် ပြင်းထန်စွာ တို-က်ခို-က်ကြပြီးနောက် ၎င်းတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖုန်းအင်တာဗျူးတစ်ခု၌ ထရမ့်ပ်က မတ်စ်နှင့်...

ယူကရိန်းစစ်သည် ရုပ်အလေ-ာင်းများနယ်စပ်ပို့ဆောင်နေ–ရုရှားဗိုလ်ချုပ်ကြီး

ယူကရိန်းစစ်သည် ရုပ်အလေ-ာင်းများတင်ဆောင်ထားသော ရထားများသည် တစ်နာရီအတွင်း နယ်စပ်သို့ စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ရုရှားစစ်တပ်မှ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဇိုရင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ရုပ်အလေ-ာင်းများ...
HomeNewsLocal Newsရန်ကုန်တွင် လျှပ်စစ်ကားအားသွင်းမည့် နေရာ...

ရန်ကုန်တွင် လျှပ်စစ်ကား
အားသွင်းမည့် နေရာ (၅) ခုတည်ဆောက်မည်ဖြစ်ပြီး အချိန်မီပြီးစီးအောင် လုပ်ဆောင်ရန် မြို့တော်ဝန်မှာကြား

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲသွားမည့် လျှပ်စစ်ကားများ အားဖြည့်ရမည့် နေရာ (၅) ခု တည်ဆောက်သွားမည်ဖြစ်ပြီး အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မှာကြားထားကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက် နံနက်ပိုင်းက သီရိမင်္ဂလာဈေးသစ်အနီးတွင် စတင်ဆောင်ရွက်နေသည့် EV Car Charging Station တည်ဆောက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှင့် နေပြည်တော်တွင် အငှားယာဉ်များအဖြစ် စမ်းသပ်ပြေးဆွဲမည့် လျှပ်စစ်ကားများ အားဖြည့်တင်းနိုင်ရန် Charging Station တည်ဆောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သီရိမင်္ဂလာဈေးရှေ့ရှိ ယာဉ်ရပ်နားကွင်းတွင် အလျား ၁၃၀ ပေ၊ အနံ ၆၅ ပေရှိ မြေနေရာ၌ EV Car Charging Station အား စတင်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ မြို့တော်ဝန်က သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများလည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်နှင့် နေပြည်တော်တွင် အငှားယာဉ်အဖြစ် စတင်စမ်းသပ်ပြေးဆွဲသွားနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၁) ရက်က နေပြည်တော် သ‌ပြေကုန်းဈေးတွင် တည်ဆောက်မည့် EV Car Charging Station တွင် အသုံးပြုမည့် EV Charger 60KW (၅) စုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဖေဖေါ်ဝါရီ (၇) ရက်ကလည်း EV Charger 60 kw (၅)စုံ နှင့် 200 kw (၂)စုံ MITT ဆိပ်ကမ်းမှတဆင့် ပထမအကြိမ် ရောက်ရှိထားကြောင်း သိရသည်။

နစက အနေဖြင့် လျှပ်စစ်ကား တင်သွင်းမှုနှင့်ပတ်သက်၍ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲစည်းထားပြီး ယင်းကော်မတီက ရွေးချယ်သည့် ကုမ္ပဏီများကို လျှပ်စစ်ကားတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တင်သွင်းလာသည့် EV Charger များကိုလည်း အဆိုပါ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စီစစ်ခွင့်ပြုခဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစက လက်အောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး‌ပေါ်မှ နေရာ (၅) ခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် နေရာ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၀)မိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ် နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင် (၃၅၂/ ၃) စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်သွားမည်ဟုလည်း ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန္ဒပြမှုများ ပြင်းထန်လာသည်နှင့်အမျှ လော့စ်အိန်ဂျယ်လိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့များ ရောက်ရှိနေပြီး၊ ထရမ့်မ်ကလည်း နေရာအနှံ့တွင် စစ်တပ်ရှိနေလိမ့်မည်ဟု သတိပေး

တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ဆန္ဒပြသူများသည် ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်မ်က အမေရိကန်ပြည်ထောင်စု၏ ဒုတိယအကြီးဆုံးမြို့၏ လမ်းမများသို့ စေလွှတ်ခဲ့သော အမျိုးသားအစောင့်တပ်ဖွဲ့များအနီးသို့မရောက်စေရန် ဆန္ဒပြသူများကို ဒေသခံရဲတပ်ဖွဲ့က အဝေးတွင်တားဆီးထားခဲ့သည်။ ဆန္ဒပြမှုများသည် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေလျှက်ရှိပြီး၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ဆောင်ရွက်မှုများကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဂိုဏ်းဝင်များဟု အာဏာပိုင်များက စွပ်စွဲပြောဆိုသော လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကြောင့်လည်း ဆန္ဒပြသူများက ဒေါသထွက်နေကြသည်။ လက်တင်လူမျိုး လူဦးရေများပြားသော မြို့ကြီးတစ်မြို့တွင် နေ့ခင်းကြောင်တောင် စတင်ခဲ့သော ဝင်ရောက်စီးနင်းမှုများသည် ပြည်သူလူထုကြားတွင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေရန် အမြဲတမ်း...

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁) တွင် စတင်အကျိုးသက်‌ရောက်မည်ဖြစ်ကာ နိုင်ငံကို ပြည်ပအကြမ်းဖက်သမားများရန်မှ ကာကွယ်ရန်ဟုဆိုကာ သမ္မတက ထုတ်ပြန်လိုက်သော အစီအစဉ်ဖြစ်သည်။ ခရီးသွာလာခွင့် ပိ-တ်ပင်ခံလိုက်ရသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ဖြစ်သည်။ ထို့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊...

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ–ထရမ့်ပ်

အမေရိကန်သမ္မတထရမ့်ပ်က ဘီလျံနာသူဌေးအီလွန်မတ်စ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ အပြန်အလှန် ပြင်းထန်စွာ တို-က်ခို-က်ကြပြီးနောက် ၎င်းတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖုန်းအင်တာဗျူးတစ်ခု၌ ထရမ့်ပ်က မတ်စ်နှင့် မကြာခင်တွေ့ဆုံစကားပြောရန် အစီအစဉ်မရှိဟုပြောကြားခဲ့ပြီး အခြားအလုပ်များဖြင့် အရမ်းအလုပ်များနေသည်ဟုလည်း ၎င်းက အင်န်ဘီစီနူးစ်ကိုပြောကြားခဲ့သည်။ အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီလားဟု မေးမြန်းရာ၌ ထရမ့်ပ်က မတ်စ်သည်သမ္မတရာထူးကို မရိုမသေပြုမူသဖြင့် ထိုသို့ပင်ဖြစ်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်၎င်းကဆက်လက်၍ မက်စ်အနေဖြင့် One Big Beautiful Bill ဥပဒေကြမ်းကိုထောက်ခံ မဲပေးမည့်ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လေ-ာင်းများနှင့် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် လေ-ာင်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071