(၅) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ (Thailand Education Fair) ၂၀၂၃ အား ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် (၁၇) ခုမှ ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာရေးပြပွဲနှင့် ပတ်သက်၍ မေ (၁၆) ရက် နံနက် (၉) နာရီက ပြည်လမ်းရှိ နိုဗိုတယ်ဟို တယ်တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
(၅) ကြိမ်မြောက် ပညာပြပွဲအား ထိုင်းတက္ကသိုလ်ဘွဲ့ရကျောင်းသားဟောင်းများအသင်းမှ ဦးစီး၍ မေ (၂၁) ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကာ အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ပညာသင်ဆုများပေးအပ်မည့် နာမည်ကျော်တက္ကသိုလ်များ၊ Asian Institute of Technology (AIT) ၊ Assumption တက္ကသိုလ်၊ University of Thai Chamber of Commerce (UTCC)၊ ဘန်ကောက် တက္ကသိုလ်အပြင် ထိုင်းနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်များမှပါဝင်ပြသကာ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရပ်ခြား၌ ပညာသင်ယူလိုသူများအနေဖြင့် မိမိတက်ရောက်လိုသည့် ကျောင်းများအားရွေးချယ်၍ လေ့လာဆည်းပူးလိုသော ဘာသာရပ်များ၊ ပညာသင်ဆုနှင့် ပတ်သက်သည်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
