ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေး ဥပဒေပညာ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာ၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာ ဒီပလိုမာသင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒီပလိုမာသင်တန်း (၃) ခုအတွက် ဇူလိုင်လ (၁၆) ရက်မှ စတင်၍ လျှောက်လွှာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းသို့ DBL၊ DIL နှင့် DIPL သင်တန်းများကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ (၉)လဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို ဇူလိုင် (၂၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာ ရီမှ (၉) နာရီ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေး ဥပဒေပညာ သင်တန်းတွင် သင်တန်းသားဦးရေ (၂၀၀) နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာ၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေပညာသင်တန်း နှစ်ခုပေါင်း သင်တန်းသားဦးရေ (၁၀၀) လက်ခံသင်ကြားမည်ဖြစ်သည်။
လျှောက်လွှာကို ဇူလိုင် (၁၆) ရက်မှ (၁၈) ရက်အထိ ရာမညဆောင်၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်တွင် သွားရောက် ထုတ်ယူပြီး ဘွဲ့လက်မှတ်မိတ္တူ (၂) စောင် (ဘွဲ့လက်မှတ်မူရင်း ပြရန်)၊ ဓာတ်ပုံ (၅) ပုံ၊ မှတ်ပုံတင်မိတ္တူ (၂) စောင် (မှ တ်ပုံတင်မူရင်း ပြရန်) သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရာမညဆောင်၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်သို့ ရုံးချိန်အတွင်း သွားရောက်စုံစမ်းနိုင်ကြောင်း သိရသည်။
