စစ်ကိုင်းမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို အောင်ချက် မြင့်မားရေးသင်ကြားပို့ချပေးမည့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ဆရာ မများသည် စစ်ကိုင်းတောင်ရိုး ငလျင်ဘေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သီတဂူ အဓိပတိ ဆရာတော်ဘုရားကြီးအား ဦးထိပ်ထား၍ ရန်ကုန်တက္ကသိုလ် ဌာနပေါင်းစုံများ ပါမောက္ခ ကထိက ဆရာ/ဆရာမများမှ စစ်ကိုင်းတောင်ရိုးငလျင်ဘေးကြောင့် ပြိုပျ-က်သွားသော ဘုရား၊စေတီများ ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေသိန်း(၇၅)ကျပ်ကို လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက် မွန်းလွဲပိုင်းအချိန်က ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်၌ ထားရှိသည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်တိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ အဖြေလွှာများ မီးလေ-ာင်ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာ မေးပွဲများ ပြန်လည်ဖြေဆိုသွားကြရမည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် (၁၆) ရက်မှ (၂၁)ရက်အထိ ပြန်လည်ဖြေဆိုသွားကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီဌာန အသိပေးထုတ်ပြန်ထားသည်။