Wednesday, August 20, 2025

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး(၂၆)မျိုးအား အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေးလျှက်ရှိပြီး ဈေးကွက်အတွင်း တိုင်းရေးဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် ဆေးမေတ္တာ အမှတ်တံ ဆိပ် (၂၆) မျိုးကိုတွေ့ရှိကြောင်း...

ချောက်မြို့၌ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ စွယ်တော်မြတ်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စွယ်တော်မြတ်စေတီတော်တည်ထားကိုး ကွယ်မည့် မြေနေရာအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့မှ သြဂုတ်...

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...
HomeNewsLocal Newsရနောင်းမြို့၌ပိတ်မိနေသည့် Border Pass...

ရနောင်းမြို့၌ပိတ်မိနေသည့် Border Pass ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်အား အမြန်ဆုံးအလုပ်ခန့်ထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ရနောင်းမြို့၌ပိတ်မိနေသည့် Border Pass ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်အား အမြန်ဆုံးအလုပ်ခန့်ထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ထိုင်းနိုင်ငံ၊ရနောင်းမြို့ရှိ အဆောက်အဦးတစ်ခု၌ ပိတ်မိနေသည့် Border Pass ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၆၆ ဦးအား အမြန်ဆုံးအလုပ်ခန့်ထားနိုင်ရန် အလုပ်စမားသံအရာရှိရုံးမှတာဝန်ရှိသူများက အလုပ်ရှင်နှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ရနောင်းရှိ အဆောက်အဦးတစ်ခု၌ မြန်မာနိုင်ငံသားများပိတ်မိနေကြောင်း သိရှိရသဖြင့် အလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက အဆိုပါ မြန်မာနိုင်ငံသားများနှင့် သြဂုတ် ၉ ရက်တွင်ဆက်သွယ်ခဲ့သည်။

ထိုသို့ ဆက်သွယ်ခဲ့ပြီးနောက် ပိတ်မိနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၀၀ ဦးနှင့်အမျိုးသမီး ၆၆ ဦး(စုစုပေါင်း ၁၆၆ ဦး)ရှိကြောင်း သိရှိခဲ့ရကာ ၎င်းတို့ထဲမှအချို့သည် နေရပ်ပြန်လိုသူများ ထိုင်းနိုင်ငံ၌ပင် အလုပ်လုပ်ကိုင်လိုသူများ ဆွေမျိုးများထံသွားရောက်လိုသူများရှိနေကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် သြဂုတ် ၁၀ ရက်တွင် ထိုင်းပွဲစားထံမှအချက်အလက်များနှင့်အထောက်အထားများရရှိခဲ့ပြီး သြဂုတ် ၁၁ ရက်ညနေ ၅ နာရီခွဲတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအား အလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက် စုံစမ်းမေးမြန်းရာ အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ထိုင်းအလုပ်အကိုင်ဌာနတွင် စာရင်းပေးသွင်းပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် အလုပ်ရှင်များမှ အမြန်ဆုံးအလုပ်ခန့်ထားနိုင်ရန် ညှိနှိုင်းလျက်ရှိသည်။

ထို့ပြင် ရနောင်းအလုပ်သမားသံအရာရှိမှလည်း မြန်မာနိုင်ငံသားများအား ရေသန့်၊အချိုရည်၊ဆန်၊ဆီ၊ဆား တို့အားထောက်ပံ့ပေးခဲ့ကာ အလုပ်ရရှိသည့်အချိန်အထိ တာဝန်ယူကျွေးမွေးနိုင်ရန် တာ ဝန်ရှိသူများအား မှာကြားခဲ့သည်။

အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားများအား ဥပဒေပိုင်းဆိုင်ရာအကာအကွယ်နှင့်ဆောင် ရွက်ပေးနိုင်မည့် အခြေအနေများကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး(၂၆)မျိုးအား အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေးလျှက်ရှိပြီး ဈေးကွက်အတွင်း တိုင်းရေးဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် ဆေးမေတ္တာ အမှတ်တံ ဆိပ် (၂၆) မျိုးကိုတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်(၂၀)ရက်တွင် အသိပေးထားသည်။ အဆိုပါ ဆေးဝါး(၂၆)မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိခြင်းကြောင့် ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း လ ည်း အသိပေးချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဆေး(၂၆)မျိုးတွင် ဆေးလုံး၊ ဆေးအနှစ်၊ ဆေးရည်၊ ဆေးမှုန့် ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားပြီး ယားနာ၊ အာရုံ ကြော၊ အဆုတ်စသည့်...

ချောက်မြို့၌ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ စွယ်တော်မြတ်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စွယ်တော်မြတ်စေတီတော်တည်ထားကိုး ကွယ်မည့် မြေနေရာအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့မှ သြဂုတ် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုခဲ့ကြသည်။ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက စွယ်တော်မြတ် စေ တီတော်တည်ထားကိုးကွယ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ မြေပြုပြင်ခြင်းနှင့် မြေသားစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ စွယ်တော်မြတ်စေတီတော်ကြီးအား စေတီတည်ဆောက်ရာတွင် သတ်မှတ်ထားသည့်အချိုးအစားများအတိုင်း စနစ်တကျတည် ဆောက်ရန် မှာကြားခဲ့သည်။

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင် စတင်ကျင်းပမည်

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့်အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ‌၎င်းကဆိုသည်။ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071