အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတွင် ရတနာပုံတံတား (စစ်ကိုင်းတံတား) လည်း ပျ-က်စီးမှုရှိခဲ့ရာ လက်ရှိအချိန်အထိ တံတားခံနိုင်ဝန်အရ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင် Express ကားကြီးများကို ဖြတ်သန်းခွင့်မပြုသေးသဖြင့် ဧရာဝတီမြစ်အတွင်းမှ ဇက်သင်္ဘောနှင့် ကူးနေရသည်။
“အခုလတ်တလော Express ကားကြီးတွေက ဇက်နဲ့ကူးနေရသေးတယ်။ ခရီးသည်တွေပါ ကားပေါ်တင်ပြီး ဇက်နဲ့ကူးနေရတာပါ။ အရင်က ခရီးသည်တွေကို ကားအသေးလေးတွေနဲ့ တံတားပေါ်ကနေ ဟိုဘက်ကမ်းပို့ပေးတာမျိုးတွေ လုပ်ခဲ့သေးတယ်။ အခကြေးငွေယူပြီးပို့တာပေါ့” ဟု Express ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
ခရီးသည်တင်ယာဉ်တစ်စီးလျင် ဇက်ဖြ-တ်ခ ကျပ် (၃၀,၀၀၀) မှ (၄၀,၀၀၀)ပေးရပြီး ကုန်တင်ကားကြီးများ ဇက်ဖြ-တ်ခကို ကားအကြီးအသေး၊ ကုန်အနည်းအများပေါ်မူတည် ယူကြောင်း သိရသည်။
“ရန်ကုန်-မုံရွာကို ခဏ ခဏသွားနေရတာပါ။ ငလျင်ကြီးလှုပ်ပြီးခါစကတော့ ကသီလင်တ တော်တော်နိုင်တာပေါ့။ ဇက်နဲ့ဖြ-တ်ရတာ၊ အစစ်အဆေးခံရတာတွေက အထာမကျသေးတော့ အချိန်ကြန့်ကြာတာမျိုးရှိခဲ့တာပေါ့။အခုအခါမှာတော့ ခရီးစဥ် အဆင်ပြေကြီးမဟုတ်သေးတောင် တအားကြီးဆိုးတဲ့ အခြေအနေတော့ မဟုတ်တော့ပါဘူး။ ဖြည်းဖြည်းချင်း သွားလာရမြန်ဆန်လာနေပါပြီ” ဟု ခရီးသွားတစ်ဦးက ပြောသည်။
ရတနာပုံ တံတား(စစ်ကိုင်းတံတား) ပေါ်မှ အိမ်စီးကားများ၊ခရီးသည်တင်ယာဥ်များ၊ ဆိုင်ကယ်များ၊ သုံးဘီးယာဥ်များကို ဖြတ်သန်းခွင့်ပြုပေးထားပြီး တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်မှုရှိ၊ မရှိကို မျက်ခြေမပြတ်စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
