Wednesday, May 13, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeEntertainmentEntertainment Eventရတနာကို တန္ဖိုးထားပါ

ရတနာကို တန္ဖိုးထားပါ

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာဂျာနယ်စာဖတ်ပရိသတ်တို့အတွက် ကမ္ဘာပေါ်မှာ အရည်သွေးမီကျောက်စိမ်း ၇၅ ရာခိုင်နှုန်းကျော်ထွက်ရှိနေတဲ့ ဖားကန့်ရတနာနယ်မြေက ကျောက်စိမ်းတွေကို ဘယ်လိုမျိုးထိန်းသိမ်းသင့်တယ်၊ တူးဖော်လုပ်ကိုင်သင့်တယ်ဆိုတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအပါအဝင် သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတဝန်ကြီးတို့ကို တွေ့ဆုံမေးမြန်းထားသမျှ သူတို့ရဲ့အမြင်တွေနဲ့သုံးသပ်ချက်တွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဦးH Hla Awang (ကချင်ပြည်နယ်သယံဇာတဝန်ကြီး)

ကျောက်စိမ်းကကမ္ဘာပေါ်မှာ ဒီတစ်နေရာပဲထွက်တယ်။ ဒါကြောင့် ဒေသအလိုက်ဥပဒေတွေ ရေးဆွဲရ မယ်ဆိုတော့ ဒီဒေသနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ဥပဒေကိုနည်းဥပဒေ ပြဋ္ဌာန်းဖို့တွေ ရေးဆွဲခိုင်းတယ်။ ကျွန် တော်တို့ဆီမှာ တရားဝင်လုပ်ကွက်က ထွက်ရှိတဲ့ ကျောက်စိမ်းတွေကို တရား ဝင်မှတ်ပုံတင်ပြီးသားဖြစ်ပါတယ်။ ကျွန်တော့်အပိုင်းက တရားဝင်တဲ့ အ ပိုင်းပဲတာဝန်ယူတယ်။ တရားမဝင်တဲ့ အပိုင်းကျတော့တာဝန်မယူဘူး၊ သိ လည်းမသိဘူး။ ဘယ်အချိန်မှာ သိနိုင်မလဲဆိုတော့ တိုင်ကြားစာရှိ လာမှ။ အခုကဒီနေ့အထိကျောက် စိမ်းပျောက်တာမတွေ့ဘူး။ ပြည်သူတွေ ကမတိုင်ဘူး။ ဒါ့အပြင် ကျောက်စိမ်း တွေကို ကျောက်စိမ်းတူးဖော်ရေး ကြီးကြပ်ကော်မတီဆိုတာ ဖွဲ့ပေးထား တယ်။ ဒီကနေ အမြဲကြီးကြပ်နေပါ တယ်။ ရတနာဆိုတာ နိုင်ငံ့အတွက်အဖိုး ထိုက်တန်တာဖြစ်လို့ သားစဉ်မြေးဆက် ထိန်းသိမ်းသုံးစွဲနိုင်ဖို့ မူဝါဒတွေ ရှင်း ရှင်းလင်းလင်းချမှတ်ပြီး ပြည်နယ် အစိုးရကိုဆိုရင်လည်း လုပ်ပိုင်ခွင့် တွေ ထိထိရောက်ရောက်ရရှိဖို့ လို ပါတယ်။

ဦးဇေလွမ်း (ကချင်ပြည်နယ် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)

တန်ဖိုးရှိတဲ့ကျောက်စိမ်းတွေကို တန်ဖိုးရှိရှိစီမံခန့်ခွဲတတ်ဖို့ကအဓိကလိုမယ်ထင်ပါတယ်။ အခွန်ကိုလည်း လျှော့ပေး၊ ကျောက်စိမ်းရောင်းချပွဲ တွေလည်း များများလုပ်ပေး၊ ဒါမှသာ တန်ဖိုးရှိတဲ့ကျောက်စိမ်းက နိုင်ငံ တော်အတွက် အကျိုးရှိလာမှာပေါ့။ ဥပမာအခွန် ၂ဝရာခိုင်နှုန်းဆို လူ ၅ ယောက်ပဲဆောင်မယ်။ အခွန် ၁ဝ ရာ ခိုင်နှုန်းဆိုရင်လူ ၅ဝ အခွန်ဆောင် ချင် လာမယ်ပေါ့။ ကျောက်ကအများ ကြီးထွက်နေတယ်။ ဒါတွေကတန်ဖိုး ကျစေတာပေါ့။ အများကြီးထွက်ရင် ပေါလာတာက ဈေးကွက်သဘောပဲ လေ။ ဒါကြောင့် ကျောက်စိမ်း ဈေး ကွက်ကို ဒီဘက်ကိုယ့်နိုင်ငံထဲမှာပဲ ဖြစ်လာအောင်၊ ကိုယ့်ဆီလာဝယ် အောင်နည်းလမ်းတွေရှာရပါမယ်။ ကျောက်စိမ်းကိုအတုံး လိုက်ပို့နေတာ တွေထက် အချောထည်လုပ်ပြီး ဈေး ကွက်ထိုးဖောက်နိုင်အောင်လည်း ကူ ညီပံ့ပိုးမှုတွေ လုပ်ပေးစေချင်ပါ တယ်။ အခုက အချောထည်မလုပ်တတ်လို့အတုံးလိုက်ဈေးနဲ့ရောင်းနေရတော့ တစ်ဖက်နိုင်ငံမှာ အချောထည် ဈေးကွက်ကနေထွက်လာတဲ့ တန်ဖိုး တွေက အကြမ်းထည်အရိုင်းတုံးရဲ့ ဈေးအဆ ၂ဝဝ လောက်ဖြစ်သွား တော့ ကိုယ့်နိုင်ငံကနစ်နာနေတာပေါ့။

ဦးကျော်စွာအောင် (ဖားကန့်မြို့ နယ် အုပ်ချုပ်ရေးမှူး၊ ယခု လက် ထောက်ညွှန်ကြားရေးမှူးရုံးချုပ်)

ဖားကန့်ရတနာနယ်မြေထဲမှာကုမ္ပဏီတွေက တရားဝင်တူးဖော်လုပ် ကိုင်နေသလို တရားမဝင်တူးဖော်နေတဲ့ရေမဆေးသမားတွေပေါ့။ဒါတွေ ကလည်း လူဦးရေ သုံးသိန်းကျော် လောက်ရှိနေတယ်။ ဒီလူတွေ ဘာလို့ ဒီလောက်များနေသလဲဆိုတာ အဖြေ ရှာရမယ်။ တကယ်ဆိုရင် ရတနာနယ် မြေဆိုတာ တားမြစ်နယ်မြေတစ်ခု။ ဝင်ချင်သလိုဝင်ထွက်နေကြတာကိုက မဟုတ်သေးဘူးလေ။ နောက် ကျောက် အောင်တယ်ဆိုတာက ဘယ်ကုမ္ပဏီ နာမည်နဲ့တူးသလဲ။ ဘယ်လုပ်ကွက်က ရသလဲ။ တချို့သိန်းကိုသောင်းနဲ့ချီ ချမ်းသာတဲ့သူတွေရှိတယ်။ ကံပေးလို့ ရတယ် ဆိုပေမယ့်ဥပဒေအရကြည့် ရင် ဒါက တရားမဝင်ခိုးတူးတာ။တူး ခွင့်မရှိတဲ့သူက တရားမဝင် နိုင်ငံတော်သယံဇာတကိုခိုးတူးတာ။ဒါဟာလက်ဝယ်ထားရင် အရေးယူလို့ရသ လို ရောင်းချရင်လည်း တရားမဝင် ပစ္စည်းအနေနဲ့ ဖမ်းဆီးနိုင်တယ်။ သို့သော်မဖမ်းပါဘူး။ ဘာလို့လဲဆို တော့ ဒီထဲမှာဒေသခံတွေလည်းပါ တယ်။ လက်လုပ်လက်စားတွေလည်း ပါနေတယ်။ နိုင်ငံတော်ရဲ့ အဖိုးတန် သယံဇာတတွေကို ထိန်းသိမ်းနိုင်ဖို့ကဒီလက်လုပ်လက် စားတွေကိုလည်း တရားဝင် တူးဖော်လုပ်ကိုင်ကြဖို့ ဥပဒေနည်း ဥပဒေတွေ အမြန်ဆုံး ဖြစ်လာဖို့လိုပါတယ်။

ဒေါက်တာ M Kwal La (ကချင်အမျိုးသား ကွန်ကရက် KNC ဥက္ကဋ္ဌ)

ကျောက်စိမ်းနယ်မြေကိုကယ် တင်ဖို့က နောက်တောင်ကျနေပါပြီ။အခုက ဒီဘက်ကနေကျောက်စိမ်းလုံး ဝမထုတ်ဘဲထားရင်တော့ တရုတ်ကို ရောက်ရှိနေတဲ့ကျောက်တွေက ဈေး ကွက်ထဲကို ၅နှစ်လောက်အထိ ရောင်းလို့ရနေတယ်။ ရတနာနယ် မြေထဲမှာ တူးဖော်နေတဲ့ယန္တရား တွေက အာရှမှာအများဆုံးသုံးနေတာ ပါ။မြေမှန်တောင်ကြောကြီးတွေကို ကိတ်မုန့်လှီးသလို ခွဲသွားတာများ နေ့ မြင်ညပျောက်ဆိုသလို တူးနေကြ တာ။ ဒါကိုတားဖို့လိုပါတယ်။ ဥပဒေ ပြင်ဖို့၊ အမြန်ဆုံးပြဋ္ဌာန်းဖို့၊ နောက်ပြီး ကျောက်တူးဖော်တဲ့အခါ အမျိုးသား အကျိုးစီးပွားကို အဓိကကာကွယ်ဖို့ စတဲ့အချက်တွေ လုပ်ဆောင်ဖို့လိုပါမယ်။

ဦးဆန်းဌေး (ကျောက်မျက်တူးဖော် ရေးကုမ္မဏီပိုင်ရှင်၊ ဆိုင်းတောင်)

အရင်ထက်စာရင် ကျောက်စိမ်း ဈေးကွက်က ကောင်းနေတယ်။ ဒါ ပေမဲ့ ကျောက်ကရှားလာတာပေါ့။ကျောက်ကြောက အပေါ်ယံမှာ မ ဟုတ်တော့ဘဲ အောက်ရောက်သွား တော့ စက်ယန္တရားတွေ အင်နဲ့အားနဲ့ တူးကြတဲ့အခါ ကျောက်တွေက အ ကုန် မြန်လာတယ်ပေါ့။ ဒီလိုအခြေ အနေမှာ တန်ဖိုးထားဖို့ဆိုရင် ကျောက်စိမ်းမှော်တွေကို စနစ်တကျ စီမံခန့်ခွဲဖို့၊ အဂတိကင်းကင်းနဲ့လုပ် ပေးမယ့်သူတွေနဲ့ စီမံဖို့လိုပါတယ်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင် နေသရွေ့ ကျောက်စိမ်းမြေရဲ့လာခြင်း ကမကောင်းပါဘူး။ ဒါဟာ ပြည်နယ် တစ်ခု ဒေသတစ်ခုထက် ပိုပါတယ်။ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သ လို ကမ္ဘာမှာလည်း တစ်နေရာတည်း ထွက် နေတာဖြစ်လို့ အချိန်မီထိန်း သိမ်းနိုင်မယ့် ဥပဒေနဲ့ အဂတိကင်းသူ အုပ်ချုပ်သူလူတန်းစားတွေ ဖြစ်လာ နိုင်ပါစေဆုတောင်းပါတယ်။

ဦးဟန်ဇော် (ကျောက်မျက်တူးဖော် ရေးလုပ်ငန်းကုမ္ပဏီပိုင်ရှင် ဝှေခါ)

ကျောက်စိမ်းရတနာဆိုတာ ရ တနာထိုက်မှ ရတနာဖြစ်မှာပေါ့။ ရှား ပါးရမယ်။ဈေးကွက်တန်းဝင်ရမယ်။လူကြိုက်များရမယ်ပေါ့။ အခုဟာက ကျောက်စိမ်းက ယန္တရားတွေ အများ ကြီးသုံးထုတ်နေတော့ တစ်နေ့တစ်နေ့ တန်ချိန်ကကြောက်ခမန်းလိလိထွက် နေတာ။ ဒါတွေက တစ်နေ့ကုန်မှာ။ ကုန်ရင်ဘာလုပ်ကြမလဲ။ ကုန်ရင် မရောင်းတော့ဘူးဆိုရကတော့ တ ကယ်ဆိုးသွမ်းတဲ့အတွေးပါ။မကုန် ခင်ထဲကတန်ဖိုးရှိအောင် ထိန်းသိမ်း ကြဖို့လိုနေပါပြီ။ အစိုးရမှာပဲ တာဝန် ရှိတာမဟုတ်ပါဘူး။ ကုန်သည် ကယ် ရီအပါအဝင် သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိနေပါတယ်။ နောက်ကျ နေပါပြီ။ ကျောက်စိမ်းမြေကို ကယ် တင်ကြပါ။တန်ဖိုးရှိစွာအသုံးချကြပါ။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071